အပိုင်း - ၂၁

9 3 0
                                    

သစ္စာဖောက်ထားသည့် အချက်အလက်များအပြင် နောက်ထပ် စမ်းသပ်ချက်နှင့် သက်ဆိုင်သည့် laptop ထဲမှ video များကိုလည်း ပြလိုက်လေသည်။

ထိုထူးဆန်းသည့် သတ္တဝါမျိုးစိပ်သည်ကား အလွန်ပင် ကြောက်ဖို့ကောင်းသည့် အသွင်သို့ ဆောင်ကျဉ်းနေလေသည်။

ထိုအသွင်မှာ....

ပုံမှန်မြင်နေကြ ကြယ်ငါးပုံစံဖြစ်သော်လည်း သူ ၏ ပါးစပ်သည်ကား သူ ၏ ခန္ဓာကိုယ် ဖြစ်နေလေသည်။

အကြောင်းသည်ကား အစားအသောက် ကျွေးပြီဆိုလျှင် စုနေသည့် ကြယ်ပါးပုံစံ အပိတ်မှာ ပါးစပ်ကဲ့သို့ ပွင့်လာလေပြီး အထဲမှလည်း သွားများဟာ အထပ်ထပ်လိုက် ဖြစ်နေသလို လျှာများကဲ့သို့ အချောင်းရှည်ရှည် ပျော့ပျော့ ပုံစံကြီးနှင့် အချွဲအကျိများ ထွက်နေသည့် ထိုအရာများကလည်း သူ ၏ သားကောင် အစာသို့ လှမ်းကိုင်လိုက်လေပြီး မျက်လုံးများနှင့် အတွင်းထဲမှ ကလီစာများကိုသာ အဓိကစားသောက်လေသည်။

သူစားလို့ ပြီးသွားရင်တော့ အရင်အတိုင်းကို ပုံမှန် ကြယ်ငါးပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။

အရွယ်အစားသည်ကား အရွယ်ရောက်ပြီးသား အမျိုးတစ်ယောက် ၏ လက်ဖဝါးအရွယ်ထက် အနည်းငယ်တောင် ပို၍ ကြီးနေသယောင်....

"ကဲ.... ပုံစံကတော့ တွေ့တဲ့အတိုင်းပဲ... ဒီအထိကတော့ သူတို့တွေက ပုံမှန်အတိုင်း လေ့လာနေပြီး စမ်းသပ်ချက် လုပ်နေတုန်းပဲ...."

"ခုနက အဲ့ ကြယ်ငါးပုံစံအကောင် SVWA1 ကို အစာကျွေးနေတဲ့ video ကို ပြန်ဖွင့်ကြည့်ပါလား...."

အနောက်နားကနေ ကြားနေသည့် Nerissa သည်ကား တစ်ခုခု ထူးဆန်းတာကို မြင်သွားသည့်ဟန်ဖြင့် video အား ပြန်ဖွင့်ခိုင်းလေတော့သည်။

ထို့ကြောင့် laptop ကို ကိုင်ထားသည့် Treyton သည်လည်း နားမလည်သည့် ဟန်ဖြင့် အစာကျွေးနေသည့် video အား ပြန်ဖွင့်လိုက်လေသည်။

အစအဆုံးကို သေချာဂရုတစိုက်နှင့် ကြည့်နေသည့် Nerissa သည်ကား တစ်နေရာအရောက်တွင်တော့ video အား ရပ်လိုက်ကာ အားလုံးကို လှည့်၍ ပြလေတော့သည်။

Genius : The SecretWhere stories live. Discover now