အပိုင်း - ၃၃

7 2 0
                                    

"ဒါဆို မင်းတို့ကို ဒီလောက်နဲ့ပဲ နှုတ်ဆက်ရတာပေါ့... အကူအညီလိုရင်လည်း တောင်းလို့ရအောင် ဒီဆွဲကြိုးလေးကို ယူသွား.... ကိစ္စတစ်ခုခုဆို ဒီဆွဲကြိုး က ကျောက်လော့ကပ်သီးလေးကို ပွတ်လိုက်..."

The Evil သည်ကား အနီရောင်ကျောက်လော့ကပ်သီးလေး ပါဝင်လေသော ဆွဲကြိုးတစ်ခုကို ပေးလိုက်လေသည်။

ထိုဆွဲကြိုးလေးအား Marcellus ကို ပေးဆွဲထားလိုက်လေသည်။

"ဒါဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး..."

Treyton သည်ကား ယဉ်ကျေးမှုအရ The Evil ကို နှုတ်ဆက်ပြီးသည်နှင့် APVG12A1 ကို ထားရှိခဲ့သော မြက်ခင်းပြင်သို့ ပြန်လည်ထွက်ခွာလာကြပါသည်။

အပြန်လမ်း တစ်လျှောက်တွင်လည်း အပြင်ကမ္ဘာတွင် မမြင်လေသော မှော်ပညာ နှင့် ဒဏ္ဍာရီလာ သတ္တဝါများကို တဝကြီး ကြည့်သွားကြပါလေသည်။

Hazel သည်ကား loch ness monster နှင့် ခဏတာ အတူတောင် ရေကစားလိုက်သလို Lavender သည်လည်း နွားပျံကြီးပေါ်တွင် ခဏလောက် တက်စီးကြည့်လိုက်ပါသေးသည်။

Marcellus သည်လည်း ယူနီကွန်းလေးများနှင့် ပြေးလွှားဆော့ကစားလိုက်လေသလို Nerissa ကတော့ ကောင်းကင်တွင် ပျံဝဲနေသည့် နဂါးများနှင့်လည်း ရင်းနှီးစွာ မိတ်ဖွဲ့ခဲ့ပါသေးသည်။

Treyton ကတော့ ရွာသားတစ်ယောက်ကို ခွင့်တောင်း၍ ယာဉ်ပျံအနားတွင် ပေါက်နေသည့် 4 leaves clover များထဲမှ တစ်ခုကို ရွေး၍ ခူးလိုက်လေကာ အိတ်ထောင်ထဲသို့ သိမ်းထည့်လိုက်လေသည်။

သူငယ်ချင်းများအတွက်လည်း မပါမဖြစ် တစ်ယောက်စီအတွက် 4 leaves clover တစ်ရွက်စီ ခူးလိုက်လေကာ လိုက်လံပေးလိုက်ပါလေသည်။

ဒါဆို Zeke ကရော?

Zeke ကတော့ ယာဉ်ပျံအား အဓိက ထိန်းချုပ်သူနေရာကို ယူထား၍ ယာဉ်ပျံအတွက်ကိုပဲ စိတ်ပူနေပါလေသည်။

The Gate of Hell ကနေ ဖြတ်သန်းလာချိန်တွင် အထိအခိုက်တို့သည်ကား များပြားနေ၍ ချက်ချင်းဆက်၍ အပြိုင်ကမ္ဘာသို့ သွားဖို့ရာအတွက် မသေချာမည်ကို မလိုလားပါလေ။

အရင်ဦးစွာတော့ TGC ရုံးချုပ်ဘက်သို့ မိမိတို့ အတွင်းကမ္ဘာတွင် ဖြစ်သမျှကို ရိုက်ကူးထားသည့် video အား ပို့လိုက်လေပြီး ဆက်လက်ကာ အပြိုင်ကမ္ဘာရှိ အတ္တလန်တစ်မြို့တော် စီသို့ တစ်ခါတည်း သွားမည်ဖြစ်ကြောင်းကိုပါ သတင်းပို့လိုက်လေသည်။

Genius : The SecretDonde viven las historias. Descúbrelo ahora