အပိုင်း - ၂၃

9 3 0
                                    

Lavender က သိပ္ပံပညာရှင် B ကို သွားမရှာခင် Science Laboratory ထဲတွင် စမ်းသပ်ချက်များ လုပ်နေသည့် နှစ်ယောက်ဘက်သို့ လှည့်လိုက်လေပြီး....

"ဘာတွေ ထူးခြားလဲ...."

Lavender က မေးလိုက်သော် Marcellus က ဝတ်ထားသည့် Laboratory များတွင်သုံးသော Protective eyewear အား ချွတ်လိုက်လေပြီး....

"အင်း... အများကြီး ထူးခြားတယ်...."

ထိုသို့ အစချီလိုက်လေပြီး အပေါ်ထပ်ဝတ်ထားသည့် coat နှင့် လက်အိတ်များကိုလည်း တစ်ပါတည်း ချွတ်လိုက်ကာ coat အဖြူရောင်ကိုတော့ ဘေးနားက တန်းတွင် ချိတ်လိုက်လေပြီး လက်အိတ်ကိုတော့ တစ်ခါတည်း အမှိုက်ပုံးထဲသို့ ထည့်လိုက်လေကာ လွှတ်ပစ်လိုက်လေသည်။

"ဒီမျိုးစိတ်က ကမ္ဘာမြေပေါ်မှာ တစ်ခါမှ မတွေ့ဖူးကြောင်းကို ခုနက သူတို့ရေးထားတဲ့ SVWA1 ကို ရေးထားတဲ့ စာတမ်းထဲမှာ တွေ့ပြီးပြီမလား....

အဲ့ဒါကြောင့် ငါက အဲ့အချက်ကို အဓိကထားပြီးတော့ ဘာမျိုးစိတ်လဲဆိုတာကို သိချင်လို့ သူ့ ရဲ့ tissue စ အချို့ကို ယူပြီး စစ်ဆေးကြည့်တော့....

Computer က ပြလာတာက သူက တစ်ခြားဂြိုလ်တစ်ခုကနေ ရောက်လာတဲ့ ဂြိုလ်သားလို့ ပြောရမယ်..."

"SH!T!!" x4

အခုမှ ထို ကြယ်ငါးပုံစံ အကောင်သည်ကား ဂြိုလ်သားမှန်း သိသွားသည့် လေးယောက်ကတော့ အံ့ဩတကြီးဖြင့် မျက်လုံးတွေပါ ပြူးလာကြလေသည်။

"အင်း.... လန့်ဖို့ ကောင်းတယ်မလား... ငါလည်း စပြီးတော့ သိသိချင်းတုန်းက လန့်သွားတာပဲ....

အခုကတော့ ငါတို့ အဖွဲ့ချုပ်မှာ ခေါ်ထားလို့ ဖြစ်ပါ့မလားဆိုတာပဲ....

ငါတို့ Area 99 ကို ပေးလိုက်ကြမလား..."

Area 99 ဆိုသည်မှာ အာကာသ အကြောင်းအရာများကို အထူးလေ့လာဖို့ရာအတွက် ဖွဲ့စည်းထားသည့် The Victoria နိုင်ငံ ၏ တရားဝင် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်လေသည်။

Area 99 ၏ တည်နေရာသည် The Victoria နိုင်ငံ ၏ အလယ်တည့်တည့်တွင် တည်ရှိနေလေပြီး အထူးသဖြင့် အာကာသထဲမှ ကမ္ဘာမြေပေါ်သို့ ကျရောက်လာသည့် အရာမှန်သမျှ နှင့် အာကာသထဲတွင် လူတွေ နေထိုင်ဖို့ရာအတွက် နောက်ထပ် ကမ္ဘာမြေကဲ့သို့သော ဂြိုလ်တစ်ခုကို တိတ်တဆိတ် ရှာဖွေနေသည့် အပြင် ဂြိုလ်သားများ နှင့်လည်း ဆက်သွယ်နိုင်သည်ဟု နာမည်ကြီးပါလေသည်။

Genius : The SecretDonde viven las historias. Descúbrelo ahora