အပိုင်း - ၁၇

12 3 0
                                    

ဒီတစ်ခေါက် လကွယ်ညကိုလည်း ကျော်လွန်လာခဲ့ပြီ။ ဒါပေမယ့် သတ်ကွင်းကတော့ အပြီးတိုင် ပျောက်ကွယ်သွားလေပြီ။

ထိုနေ့ညက Enzo နှင့် Jax တို့သည်လည်း ပြန်အဆင်ပြေသွားကြကာ The Devil သည်လည်း လောကကြီးကနေ အပြီးတိုင် ပျောက်ကွယ်သွားလေပြီ။

အကြောင်းကတော့ ထိုနေ့ညက ဂိုထောင်အား မီးရှို့၍ ဖျက်စီးလိုက်ခြင်း ဖြစ်လေသည်။

နောက်ပြီး Jax က ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ ဆိုပြီး မေးနိုင်ကြမှာပေါ့။

Jax က ဒီကို Enzo ၏ အကွက်ချမှုနှင့်အတူ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီကိစ္စများအားလုံးကို နောက်ကွယ်ကနေ အချိန်အကြာကြီး Enzo က ကြိုးဆွဲနေခြင်းကို သိသော်လည်း တပည့်ဖြစ်သည့် မိမိ တို့ကတော့ စိတ်မဆိုးနိုင်ပါလေ။

ကိုယ့် ဖခင်ကို သတ်ခဲ့သည်သူအား ထိုကဲ့သို့ ပြန်လုပ်တာ မနည်းပါဘူးလေ...။

မီးမရှို့ခင် ဂိုထောင်ထဲမှ အသုံးဝင်သည်များအား The Genius Class ၏ လျှို့ဝှက်မြေအောက်ခန်းအား ရွှေ့ပြောင်းလိုက်လေကာ TGC ဆိုသည့် အဖွဲ့တစ်ခုကိုလည်း တရားဝင် ဖွဲ့စည်းလိုက်လေသည်။

The Genius Class (TGC) သည်ကား မဖြေရှင်းနိုင်သည့် သဘာဝလွန် အမှုမှန်သမျှနှင့် ကွင်းဆက်အမှုများကို အဓိကထား၍ ဖြေရှင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ ဘယ်သူတွေ ပါမှန်းတောင် မသိရသည်အထိကို လုံခြုံရေးကို တင်းကြပ်ထားခြင်းဖြစ်လေသည်။

ထို့အပြင် နည်းပညာများသည်လည်း နောက်ဆုံးပေါ်ဆိုသည့် ထိပ်တန်းနည်းပညာများကိုသာ အသုံးပြုခွင့်ပေးလေပြီး မိမိတို့ နိုင်ငံကိုတင်မဘဲ တစ်ခြား နိုင်ငံတွေကပါ အကူအညီတောင်းလျှင်လည်း ကူညီပေးကာ ဖြေရှင်းပေးကြလေသည်။

သို့သော် သေးငယ်သည့် အမှုများကိုမူ ကိုင်တတ်သည့် လူများ မဟုတ်ပါလေ။

ထိုအဖွဲ့အစည်းအတွင်း နာမည်ကြီးသည်ကား သူတို့ ၏ ထူးချွန်သည့် အရည်အချင်းများအပြင် ဇီဇာကြောင်မှုများလည်း ပါဝင်လေသည်။

ထို့အပြင် သူတို့ အမှုလိုက်ပြီဆိုပါက မပေါ်သည့် အမှုတိုင်းကလည်း မရှိသလို အချိန်တစ်ပတ်ဆိုလျှင် တစ်ပတ်ဆိုသည့်အတိုင်း ပေးထားသည့် အချိန်အတိုင်းကို အတိအကျ လုပ်ဆောင်ပေးကြသည့် တာဝန်ယူမှု တာဝန်ခံမှု ရှိသည့် အဖွဲ့အစည်း တစ်ခုပင် ဖြစ်လေသည်။

Genius : The SecretDonde viven las historias. Descúbrelo ahora