အပိုင်း - ၁၄

12 3 0
                                    

Marcellus တစ်ယောက် အရှေ့တွင် ရှာဖွေနေတုန်း အနောက်က ဘုတ်ကနဲ ပြုတ်ကျသံကြား၍ လှည့်ကြည့်လိုက်သော်....

"ဟမ်...?"

နားဖို့အတွက် ပြောထားသည့် မှာထားသည့် Lavender သည်ကား ခြေနှစ်ချောင်း မိုးပေါ်ထောင်၍ လဲကျနေလေသည်။

Marcellus သည်လည်း ထိုမြင်ကွင်းကို မြင်သော် သူငယ်ချင်းပီသစွာဖြင့် ထိုင်ရယ်နေပြီးတော့မှ Lavender အား သွားကူလေတော့သည်။

"ဟဲ့.... နင်ဟယ်.... ဘယ်လိုတွေတောင် မိုးပေါ်ထောင်နေတာလဲ.... ဘာလဲ စတန့်သမား လုပ်စားတော့မလို့လား... ဟား..... ဟား..."

ဆွဲလည်း ထူရင်း စကားလည်းပြောရင်းဖြင့်.....

တစ်ဖက်တွင်လည်း စောင့်ကြည့်ခန်းထဲတွင် ကင်မရာမှ စောင့်ကြည့်နေသည့် လေးယောက်သည်လည်း Lavender ၏ အဖြစ်ကို ကြည့်ကာ ရယ်ပွဲကျလျက်......

သို့သော် အကျယ်ကြီး မရယ်ရဲပါလေ....။ တော်ကြာ ဟိုကောင်တွေ ဝင်လာမှဖြင့် မျိုးတုန်း နေကုန်ဦးမည်။

Lavender မှာတော့ ခေါင်းမူးလို့ လှဲချလိုက်ပါတယ် ပို၍ပင် မူးဝေသွား၍ ရယ်နေသည့် ဘေးနားက ချစ်သူငယ်ချင်းလေးကိုလည်း မဆဲနိုင်သေးသလို ကိုယ့်ဘာသာတောင် မနည်း တည့်မတ်နေရလေသည်။

Marcellus မှာ Lavender ကို ဆွဲထူရင်းဖြင့် Lavender လဲကျသွားသည့် နေရာသို့ ကြည့်လိုက်သော်...

"Lavender ရေ.... နင်ကတော့ တကယ့်ကို လပ်ကီးcow ပဲ..."

မိမိအား နွားလို့ ပြောမှန်းသိလိုက်သော် ဆဲဖို့ပြင်ပြီး ကြည့်လိုက်စဉ် ဆဲမည့် စကားလုံးများက အရာတစ်ခုအားမြင်၍ ပျောက်ကုန်လေသည်။

ရှာတွေ့သွားသည်ကတော့ ရေခဲတို့နှင့် သိုလှောင်ရုံတစ်ခု....

မြေပုံထဲတွင်လည်း မပါ၍ တစ်ခုခုပဲဆိုသည့် စိတ်က အသိပေးလိုက်သလိုကိုပင် ချက်ချင်း ခန္ဓာကိုယ်က ထိုအခန်းထဲသို့ ရောက်ရှိသွားလေသည်။

နှစ်ယောက်သား ဟိုကြည့် ဒီကြည့် လိုက်ကြည့်ရင်းဖြင့် မမြင်သင့်တာကြီးကို မြင်သွားသော် စားပြီးသည်များတောင် အန်ထွက်ချင်သွားလေသည်။

Genius : The SecretDonde viven las historias. Descúbrelo ahora