ကျေးဇူးတင်လွှာ

7 2 0
                                    

နောက်ဆုံးတော့ ခရီးရှည်ကြီးတစ်ခုကို ပြီးဆုံးအောင်ထိ လျှောက်လာနိုင်သွားသလို အတူတူ လျှောက်လာပေးခဲ့တဲ့ အချစ်လေးတွေ တစ်ယောက်ချင်းစီတိုင်းကို June ကနေပြီးတော့ အထူးပင် ကျေးဇူးတင်ကြောင်း ပြောပါရစေရှင့်။ 

ပုံမှန်အတိုင်းကိုပဲ ကျေးဇူးတင်လွှာရေးရင် ကျေးဇူးတင်ပြီးတာနဲ့ June တစ်ယောက် fic ကို ရေးခဲ့တုန်းက ကြုံတွေ့ခဲ့သမျှ အတွေ့အကြုံနဲ့ အခက်အခဲလေးတွေကို ပြောပြတတ်တဲ့ အကျင့်အတိုင်း ထူးခြားတာလေး အချို့ကို ပြောပြချင်ပါသေးတယ်ရှင့်။ 

အစတုန်းကတော့ သိပ်ပြီးတော့ များများစားစား မထည့်ဘဲနဲ့ ဒီတိုင်းလေပဲ အစွန်းရောက် ဘာသာရေးဂိုဏ်း ကိုပဲ အပြီးသတ်တဲ့အထိလုပ်ပြီး ဇာတ်သိမ်းမယ် လုပ်ထားပေမယ့် နောက်ပိုင်းမှာ ရေးနေရင်း နဲ့ အကြံဉာဏ်တွေက တစ်စ တစ်စ ပေါ်လာရာကနေပြီးတော့ အခုလိုမျိုးလေး ဖြစ်ပေါ်လာတာပါ။ 

ပြီးတော့ သီအိုရီတွေကိုလည်း လိုက်လံပြီးတော့ ဖတ်ရှုရတဲ့အပြင် သမိုင်းကြောင်းတွေ နောက်ပြီး အချို့သော အကြောင်းအရာများကို ပြန်လည် ဖတ်ရှုပြီးတော့ ရေးသားခဲ့ရတာကလည်း June အတွက် Challenge တစ်ခု ဖြစ်ခဲ့ရပါတယ်ရှင်။ 

နောက်ပြီး June ဖန်တီးလိုက်သမျှ Character တိုင်းမှာလည်း June ရဲ့ အကျင့်လေး အချို့ကိုလည်း ထည့်သွင်းဖော်ပြ ထားပါသေးတယ်နော် ဟဲဟဲ...။ 

ဒါဆို ဒီလောက်ပဲပေါ့ရှင်။ နောက် fic အသစ်များမှာလည်း June ရဲ့ Creation အသစ်တွေနဲ့အတူ ပြန်လည် ရောက်ရှိလာဦးမှာမလို့ စောင့်မျှော်ပေးကြပါဦးရှင့်။ 

ဒဏ္ဍာရီထဲမှ သူရဲကောင်းလေးဖော် ရဲ့ Season - 2 ကိုလည်း ဒီနှစ် မကုန်ခင်မှာ လာရောက်ပြီးတော့ တင်ပေးမှာမလို့ June ကတိ တည်နိုင်အောင်လို့ ကြိုးစားနေပါတယ်ရှင့်။ 

ကံမကုန်ခင် ပြန်ဆုံကြတာပေါ့ရှင်....။ 



ဆက်ရန်ရှိသည်.......


..................


Lavender June💜

Genius : The SecretWhere stories live. Discover now