အပိုင်း - ၂၄

9 3 0
                                    

ဂြိုလ်သားကို ကြည့်ပြီး၍ အရှေ့ရှိ ချစ်ရသူလေး နှင့် သူငယ်ချင်းများကို လှည့်ကြည့်လိုက်လေသော် အပြင်ဘက် ရေအောက်ကမ္ဘာတွင် ရှိလေသော မြင်ကွင်းတစ်ခုကြောင့် ပါးစပ်လေးများ အဟောင်းသားဖြင့်.....

မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ လူတစ်ပိုင်း ငါးတစ်ပိုင်း သတ္တဝါများ တစ်နည်းအားဖြင့် ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်တိုင်းတွင် မပါမဖြစ် အဓိက ဇာတ်ကောင်များဖြစ်သည့် ရေသူထီး ၊ ရေသူမ များ က ကူးခတ်သွားလာနေကြလေသည်။

သို့သော် ငယ်ငယ်တုန်းက စိတ်ကူးယဉ်ထားသလိုမျိုးတော့ ရွှေရောင်ဆံနွယ်များနှင့်အတူ ဖြူဝင်းသည့် အသားအရည်နှင့် လှပသည့် အသွင်တို့ကတော့ မရှိပါလေ။

ထိုသည်များအစား လူအပိုင်းတွင်လည်း ငါးအကြေးခွံ အချို့က နေရာယူထားလေကာ ဆံနွယ်များသည်လည်း နက်မှောင်နေလေပြီး အသားအရေသည်ကား ရေညှိပုတ်ရောင်ကဲ့သို့ ဖြစ်နေလေကာ လက်ကြားများထဲတွင်လည်း အဝိုက်များနှင့် ရေယက်များကဲသို့ ဖြစ်နေကာ သွားများသည်လည်း ငါးမန်းများကဲ့သို့ ချွန်ထက်လျက် ကြောက်စရာအသွင်အပြည့်နှင့် တည်ရှိနေလေသည်။

ထို့အပြင် သူတို့ ကူးခတ်သွားလာနေသည့် အနီးအနားတွင်လည်း နန်းတော်ကြီး တစ်ခုကဲ့သို့ ကြီးမားသည့် အဆောက်အဦးကြီး ရှိနေလေသည်။

ကျိန်းသေပါသည်။ ထိုသည်ကား ပုံပြင်များထဲမှ ရေအောက်နန်းတော် ဆိုတာကြီးပင် ဖြစ်လေသည်။

သို့သော် ပုံပြင်များ ၊ ရုပ်ပုံများ ၊ ကာတွန်းကားများထဲကလိုမျိုးတော့ အရောင်တဖိတ်ဖိတ် တောက်ပြောင်နေလေပြီး များစွာသော ကျောက်မြတ်ရတနာများ ၊ ပုလဲများတို့ဖြင့် စီခြယ်ထားသည့်ပုံစံ မဟုတ်လေဘဲ အခု အပြင်မှာတော့ ရေအောက်အနက်ကြောင့်လား မသိပေမယ့် အတော်ပင် ညိုမှိုင်းနေလေပြီး ရေအောက်နန်းတော်သည်ကား ကျောက်ဆောင်ကြီးတစ်ခုအား ထွင်းဖောက်ထားကြောင်းကို မညီမညာ ဖြစ်နေသည့် ကျောက်နံရံများက သက်သေပြနေလေသည်။

ထို့အပြင် ရေညှိတို့ကလည်း ကပ်တွယ်နေသလို လျှပ်စစ်ငါးရှည့်များကလည်း လှည့်ပတ်သွားလာနေကြလေသည်။

Genius : The SecretWhere stories live. Discover now