အပိုင်း - ၁၉

12 3 0
                                    

"၅ မိနစ် ကို ရွေးချယ်လိုက်ပါပြီ။ WG11V ရေငုပ်သင်္ဘော ၏ Location အနီးသို့ ၅ မိနစ် အတွင်း Ai စနစ်မှ စက်ပစ္စည်းပိုင်းများကို ထိန်းချုပ် ၏ ပို့ပေးပါမည်။"

"ဟမ်?" x6

ခြောက်ယောက်သား ပြိုင်တူ အသံထွက်ပြီး သိပ်မကြာခင်တွင် ရေငုပ်သင်္ဘော တစ်ခုလုံးရှိ မီးများဖွင့်ထားရာကနေ အမှောင်ကျသွားလေပြီး ရေငုပ်သင်္ဘောသည်လည်း တစ်နေရာရာသို့ အရှိန်တစ်ခုဖြင့် ထိုးဆင်းသွား၍ ခန္ဓာကိုယ် ဟန်ချက်ပျက်ကား အားလုံးကလည်း အော်မိကြလေသည်။

"အား....!!!" x6

အချိန်အတိအကျကို ၅ မိနစ်အကြာတွင်တော့ ပိတ်နေသည့် မီးများသည်လည်း ပြန်ပွင့်လာလေကာ ရေငုပ်သင်္ဘောသည်လည်း ငြိမ်ကျသွားလေသည်။

အတွင်းထဲမှ လူတွေကတော့ မူးတူး မူးတူးဖြင့် လဲကျနေရာကနေ မနည်း ပြန်ထနေရလေသည်။

"ဒီ Ai စုတ် ၊ Ai နာ ၊ Ai ပျက်ကတော့...."

ပြန်ပြန်ထချင်း တန်း၍ ဆဲသည့် သူကတော့ နှစ်ယောက် မရှိသည့် Lavender ပင် ဖြစ်လေသည်။

"အချစ်လေးရာ စိတ်လျော့ပါနော်...."

Nerissa မှာ အမြန်ပင် ကိုယ့်ပိုင်ရာလေးကို ထိန်းရလေတော့သည်။

တော်ကြာ Ai ကို ကိုင်ပေါက်လိုက်မှဖြင့် ရေအောက်ထဲကနေ ပြန်တက်လို့မရ ဖြစ်နေပေဦးမည်။

"ဟျောင့်တွေ.... ငါတို့ အခု WG11V ရဲ့ ဘေးနားကို ရောက်နေပြီ..."

ရေငုပ်သင်္ဘော တွင် ပါလေကော ပြတင်းပေါက်မှတဆင့် ကြည့်နေသည့် Marcellus ထံမှ ထိုအသံကို ကြားသော် သွားကြည့်လိုက်ကြလေသည်။

တကယ်ကြီးကိုပင် WG11V ၏ ဘေးချင်း ယှဉ်ရပ်နေသည့် နေရာတွင် မိမိတို့ ၏ WG12V က ရှိနေပါလေသည်။

"Assistant... WG11V စီကို သွားဖို့အတွက် လမ်းလုပ်ပေး..."

Lavender သည်ကား ဘယ်လောက်ပင် အံ့ဩနေပါစေ Ai ကိုတော့ အမိန့်ပေးဖို့အတွက် မမေ့ပါလေ။

"ဟုတ်ကဲ့ပါ... လုပ်ဆောင်နေပါပြီ။"

Ai ထံမှ တုံ့ပြန်သံအပြီးတွင် WG12V ဘက်မှ လူတစ်ကိုယ်စာ သွားလို့ရသည့် ဖန်ပြွန်တစ်ခုကို WG11V စီသို့ ချိတ်ဆက်လိုက်လေပြီး ရေငုပ်သင်္ဘော နှစ်ခု ၏ တံခါးများကို မဖွင့်ခင် ဖန်ပြွန်ထဲမှ ရေများကို ထုတ်လိုက်လေပြီး လေခြောက်စက်ဖြင့် အခြောက်ခံလိုက်လေသည်။

Genius : The SecretМесто, где живут истории. Откройте их для себя