အပိုင်း - ၄၁

9 2 0
                                    

"Demeter ပြီးတော့ ငါ့အလှည့်ပေါ့..."

Lavender အား ပခုံးကို ဖက်ကနဲ ဖက်လိုက်လေပြီး ပြုံးပြုံးကြီး ပြောလာသည့် Hermes ပါလေ။

"ကဲ.... မင်းတို့ ငါ့နောက်ကို လိုက်ခဲ့ကြ.... အထူးသဖြင့် Lavender.... မင်း ဂရုစိုက်ကြည့်နော်...."

ထို့သို့ပြောပြီး Lavender ပခုံးကို သုံးချက်လောက် ပုတ်လိုက်လေပြီး အရှေ့ကနေ ကော့ကော့ ကော့ကော့ နဲ့ ထွက်သွားသည့် Hermes...

ကျန်နတ်ဘုရားများသည်ကား ခေါင်းခါ၍သာ လိုက်သွားကြပါလေတော့သည်။

Lavender တို့ ခြောက်ယောက်သည်လည်း ကြောင်တောင်တောင်လေးများဖြင့် လိုက်သွားပါလေသည်။

ဒီတစ်ခေါက် Hermes ခေါ်သွားသည့် နေရာသည်ကား တာဝါတိုင်ကြီးများအား စိုက်ထူထားလေပြီး Supercomputer များထားကို ထိုင်ပြီးတော့ run နေသည့် ရုံးခန်းကြီးတစ်ခုကို မြင်လိုက်ရလေသည်။

ပါးစပ်ကြီး အဟောင်းသားဖြင့် ကြည့်နေမိလေသည်။

များစွာသော ဂြိုလ်များကို လေ့လာနေသလို ထိုဂြိုလ်များမှလည်း သတင်းများကို ယူဆောင်နေသလို AT2P အတွင်းရှိ များစွာသော အဖွဲ့အစည်းများအတွက် ဆက်သွယ်ရေးကို ကြားထဲကနေ ဆက်သွယ်ပေးသည့် ဆောက်ရွက်မှုများကို အဓိက လုပ်ကိုင်နေသည့် နတ်ဘုရား Hermes ဦးဆောင်နေ‌သော AT2P ၏ ဆက်သွယ်ရေး အဖွဲ့အစည်းကြီး ဖြစ်ပါလေသည်။

"အင်း... ဒီနေရာကနေ ဂြိုလ်တုတွေနဲ့အတူ ရှာတွေ့သမျှ ဂြိုလ်တွေကို လေ့လာစမ်းသပ်ရင်း အဲ့ဂြိုလ်တွေမှာ သက်ရှိတွေ ရှိသလား ၊ မရှိသလားကို ခြေရာခံပြီး ဆက်သွယ်ရေးလုပ်ပေးသလို....

AT2P မှာ ရှိတဲ့ အဖွဲ့အစည်းတိုင်းရဲ့ ဆက်သွယ်ရေးစနစ်ကို ထိန်းချုပ်ထားပြီး ဆောင်ရွက်ပေးတာကလည်း တာဝန်ရှိနေပြန်တယ်....

နောက်ပြီး ကမ္ဘာဂြိုလ်ပေါ်မှာ ကျန်ခဲ့တဲ့ အတ္တလန်တစ်မြို့တော် အခွဲတွေနဲ့လည်း ဆက်သွယ်ရေး လုပ်တဲ့ နေရာပဲ...

အဓိက ကတော့ AT2P မှာ ဖြစ်ပျက်သမျှတွေကို အထက်အရာရှိတွေစီကို ပြန်လည်တင်ပြရတာက ပိုပြီးတော့ အဓိက ကျတာပေါ့ကွာ...."

Genius : The SecretDonde viven las historias. Descúbrelo ahora