အပိုင်း - ၄၅ (ဇာတ်သိမ်းပိုင်း)

11 2 0
                                    

"ဒေါက်တာ... VIP Room က Black Family မိသားစုဝင် ပြန်လည် သတိရလာပါပြီ..."

ထိုသို့ပြောလေသော် ကျိန်းသေပေါက်ကို Nurse ပြောနေသည့် သူသည်ကား မိမိပင်။

ဒါပေမယ့် ဘာလို့ မိမိ က လူနာဖြစ်နေရသနည်း? TGC က ပေးအပ်ခဲ့တဲ့ Mission ကို ထမ်းဆောင်နေခဲ့သည်လေ။

ဘာလို့ အခု ဒီဆေးရုံကုတင်ပေါ်တွင် လှဲနေရသနည်း?

သိပ်မကြာပါလေ။ ဆရာဝန်များနှင့် သူနာပြုအချို့တို့က မိမိအခန်းထဲသို့ ဝင်လာလေပြီး စစ်ဆေးစရာ ရှိသည်များကို စစ်ဆေးလေသော်...

"လူနာ... ဒါ ဘယ်နှချောင်းလဲ မြင်ရလား..."

မိမိ အရှေ့တွင် လက်နှစ်ချောင်း ကို ထောင်၍ မေးလာသည့် ဆရာဝန်ကြောင့် Lavender တစ်ယောက် အနည်းငယ်တော့ ကြောင်သွားလေသည်။

"နှစ်ချောင်း..."

"ရှင်းရှင်းလင်းလင်းရော မြင်ရရဲ့လား...."

"ဟုတ်.. မြင်ရပါတယ်.."

"လူနာက ဘာမှ ဆိုးရိမ်စရာမရှိတော့ပါဘူး.... ဒါပေမယ့်... အောက်ပိုင်းက လှုပ်လို့ မရဘူးမလား...."

Lavender သည်ကား‌ ခေါင်းညိတ်ပြလိုက်လေကာ ဟုတ်ကြောင်းကို ပြောလိုက်လေသည်။

"အင်း.. အဲ့ဒါကတော့ ကိုမာရဲ့ နောက်ဆက်တွဲပဲ... စိတ်မပူပါနဲ့... လေ့ကျင့်ခန်း ပြန်လုပ်ရင်းနဲ့ ခြေထောက်တွေ ပြန်ကောင်းလာမှာပါ..."

"ကိုမာ? ဒေါက်တာ ဘာကို ပြောနေတာလဲမသိဘူး...."

"အင်း... Lavender... မင်းနဲ့အတူ မင်း ရဲ့ သူငယ်ချင်း ငါးယောက်ကို မီးတောင်အရှင်ရဲ့ တောင်ခြေမှာ မေ့လဲနေတာကို တွေ့လိုက်ရတယ်...

အဲ့မတိုင်ခင်က မင်းတို့နဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီးတော့ TGC ဘက်ကနေလည်း အသဲအသန် ရှာဖွေခဲ့ကြတယ်....

တောင်ခြေမှာ ခဏ ခဏ ရှာဖွေပေမယ့် သုံးလအကြာမှ မင်းတို့ကို တောင်ခြေမှာ ပြန်တွေ့တာ...

သတိမေ့ပြီး ဝိဉာဉ်က မျောနေတဲ့ အခြေအနေမလို့ မင်းတို့ကို ကိုမာဝင်နေတဲ့ လူနာအနေနဲ့ပဲ သတ်မှတ်လိုက်ရတယ်...

အင်း.... မင်းတို့ ကိုမာဝင်နေတာ သုံးနှစ်... သုံးနှစ် ရှိသွားပြီ...."

Genius : The SecretWhere stories live. Discover now