အပိုင်း - ၃၇

7 2 0
                                    

ထိုအချိန် Aries ရာသီခွင်ခုံတွင် ထိုင်နေသည့် မိမိတို့ ၏ ဆရာ Enzo နှင့် အလွန်တူသော သူက စကား အစချီလိုက်ပါတော့သည်။

"အင်း... နောက်ဆုံးတော့ ဟောစာတမ်းအရ မင်းတို့တွေလည်း ဒီနေရာကို ရောက်လာကြပြီပဲ... အရင်ဆုံး ငါတို့ နာမည်တွေနဲ့ ငါတို့ကိုယ် ငါတို့ မိတ်ဆက်ပေးတာပေါ့....

ငါ့နာမည်က Ares.... အတ္တလန်တစ်မြို့တော် ရဲ့ စစ်နတ်ဘုရား... အခု ဒီမြို့တော်ရဲ့ အကြီးဆုံးသော အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိသူဆိုရင်လည်း ပိုမှန်မယ်...."

"ကျွန်တော်ပဲ မိတ်ဆက်ပေးလိုက်ပါ့မယ် သခင်ကြီးရာ..."

သူ့ကောင်းကြောင်းတွေကိုပဲ ပြောတော့မည့် သခင်ကြီး အကြောင်းကို သဘောပေါက်သော Aster သည်ကား ကြားဖြတ် ဝင်ပြောလိုက်လေကာ...

"ငါတို့ AT2P မှာ အုပ်ချုပ်သူ နတ်ဘုရား ၁၂ ပါးရှိပြီး ၁၂ ရာသီခွင်ကို ကိုယ်စားပြုကြတယ်...

မင်းတို့ကို ငါပဲ နတ်ဘုရား တစ်ပါးချင်းစီတိုင်းကို မိတ်ဆက်ပေးမယ်....

ဒါက Ares.... အတ္တလန်တစ်မြို့တော် ရဲ့ စစ်နတ်ဘုရား... Aries ရာသီခွင် ရဲ့ နတ်ဘုရား.... မီးတောက်လိုပြင်းထန်တဲ့ စွမ်းအင်တွေပိုင်ဆိုင်ပြီး ယှဉ်ပြိုင်လိုစိတ်လည်း ကြီးမားတဲ့သူ.... ခေါင်းဆောင်လိုစိတ်ကြီးမားသူဖြစ်လို့ သူ့ကို ဦးဆောင်နေရာမှာ ထား ထားရတာ မဟုတ်ရင် ငါတို့ကို ပတ်ပြီး ပြဿနာရှာနေမှာစိုးလို့... မိတ်ဆွေသူငယ်ချင်းနည်းပါးပြီး ခင်မင်မိတဲ့ မိတ်ဆွေတွေကိုလည်း လူရင်းလို သဘောထားတတ်တာ ကလည်း ငါတို့ သခင်ကြီး ရဲ့ စိတ်ရင်းလေးတစ်ခုပေါ့ကွာ.... စိတ်လိုက်မာန်ပါ လုပ်ဆောင်တတ်ပေမယ့် သစ္စာရှိသူ၊ သူတပါးကို ဂရုစိုက်တတ်သူလို့လည်း ပြောလို့ရတယ်... ပြောလို့ ပြောတာမဟုတ်ဘူး ငါတို့ သခင်ကြီး Ares က ချစ်ခြင်းမေတ္တာအတွက်လည်း အမြဲတိုက်ခိုက်နေရတတ်တာ....."

"ဟိုကောင် Aster!! မင်း ကလေးတွေကို ဘာတွေ လျှောက်ပြောနေတာလဲ..."

ဒေါသတကြီးဖြင့် ထအော်သည့် Ares ကြောင့် Aster မှာ သခင်ဖြစ်သူ ၏ အနောက်သို့ ပြန်လည် ပုန်းကွယ်နေလိုက်လေသည်။

Genius : The SecretOù les histoires vivent. Découvrez maintenant