အပိုင်း - ၂၆

7 2 0
                                    

Lavender ပြုံးလာသည်ကြောင့် Dulaney Rhodes ကလည်း လိုက်၍ ပြုံးမိလိုက်လေသည်။

ထိုအချိန် Dulaney Rhodes ၏ အနောက်ဘက်မှ တစ်ခုခုက စိုက်ကြည့်နေသည်ဟု ထင်လိုက်ရ၍ Lavender တစ်ယောက် Dulaney Rhodes ကို ကျော်၍ အနောက်သို့ ကြည့်လိုက်သော် မိမိ အား သတ်ချင်သည့် အကြည့်တို့ဖြင့် ကြည့်နေသည့် ဟိုတစ်ပိုင်း ဒီတစ်ပိုင်း.....

ထိုသည်ကြောင့် Lavender တစ်ယောက် ကြောက်ပြီးတော့ အပြုံးတွေ‌တောင် ပျောက်ကွယ်သွားလျက်....

"ဗိုလ်ချုပ်... ဟိုအနောက်က ရေဘဝဲ တစ်ပိုင်း လူ တစ်ပိုင်း က ဘယ်လိုခေါ်တာလဲဟင်...."

သိချင်လွန်း၍ နောက်ဆုံးတော့ Dulaney Rhodes အား မေးလိုက်လေတော့သည်။

"ဪ.... သူကလည်း ဒီနယ်မြေရဲ့ အရှင်သခင် Kraken လေ...."

"အယ်.... Kraken ဆိုတာ အဲ့လိုကြီးလား...."

Dulaney Rhodes ခေါင်းညိတ်ပြလာလေသည်။

Kraken ဆိုသည်အား ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးသည့် ဒဏ္ဍာရီလာ သတ္တဝါ တစ်ကောင်အား ထိုကဲ့သို့ အရှင်လတ်လတ်ကြီး မြင်တွေ့လိုက်ရ၍ လန့်သွားလေသည်။

ဒါပေမယ့် ရုပ်ချောချော နဲ့ ခြောက်ပတ် ပါသောကြောင့် Kraken တစ်ကောင်တွင် ထိုကဲ့သို့ ရှိမည် မထင်ခဲ့သည်ကတော့ အမှန်ပါလေ။

ထိုအချိန် SVWA1 ကို သတိရလိုက်၍ သတင်းတစ်ခုခုများ သိလို သိငြား မေးလိုက်လေသည်။

"ဟိုလေ... ဗိုလ်ချုပ်... မေးချင်တာလေးရှိလို့.... ဟို အခု ဒီရေနက်ပိုင်းထဲမှာလေ အကောင်အသစ် တစ်ခုခုများ တွေ့မိသေးလား.... ဟိုလေ... ကြယ်ငါးလို အကောင်ပေမယ့် သူက ပါးစပ် အကြီးကြီးလည်း ပါတယ် နောက်ပြီး အဲ့ ပါးစပ်ထဲမှာ သွားတွေနဲ့ ရှည်ရှည်မျောမျော လက်ချောင်းကြီးတွေ ပုံစံ ချွဲကျိ ချွဲကျိကြီးတွေလည်း ပါသေးတယ်....

အဲ့အကောင်မျိုးကိုသိလားဟင်...."

Dulaney Rhodes က ခဏတာ စဉ်းစားသွားလေပြီး....

"ကိုယ်တော့ မသိဘူးကွ... ဒါပေမယ့် ခဏနော် ကိုယ် သူ့ကို တစ်ချက်လောက် မေးကြည့်လိုက်ဦးမယ်..."

"ဟုတ်ကဲ့ ဗိုလ်ချုပ်..."

ထို့နောက် Dulaney Rhodes သည်ကား အနောက်ဘက်သို့ လှည့်၍ Kraken နှင့် မိမိတို့ နားမလည်သည့် ဘာသာစကားတစ်ခုကို ပြောနေလေသည်။

Genius : The SecretDonde viven las historias. Descúbrelo ahora