အပိုင်း - ၁

25 6 0
                                    

The Victoria University ဝန်းထဲသို့ ဝင်လာသည့် kawasaki ninja 650 ၏ အစိမ်းရောင် အမျိုးအစားကို စီးထားပြီး ကျောင်းဝတ်စုံ ၏ အပေါ်တွင် Black Hoodie တစ်ထည့်ကို ဝတ်ထားသည့် လူတစ်ယောက်.....

ယခုသည်ကား နှစ်စတစ်ခုဖြစ်၍ ကျောင်းသား အသစ်များလည်း ရှိသလို အဟောင်းများစွာကလည်း ပါဝင်နေကြပြန်သည်။

ကျောင်းသား အသစ်များအတွက်တော့ ထိုလူကား ထူးဆန်းနေပြီး ပုံမှန်နှင့်မတူသောကြောင့် စပ်စုချင်နေကြသော်လည်း အကြောင်းသိသည့် ကျောင်းသားဟောင်းများ အနေနှင့်တော့ ထိုသူအား စေ့စေ့တောင် မကြည့်ရဲကြပါလေ။

ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး ဆောင်းထားသည့် helmet အား ချွတ်လိုက်ပြီး ဆံပင်များကို ခါလိုက်သော် ကျောင်းဝန်းထဲက လူတိုင်း လည်ပြန်ငေးမောရလောက်သည်အထိကို ချောလွန်းသည့် အမျိုးသမီးတစ်ယောက်...

ဟုတ်ပါသည်။ ထိုသူသည်ကား ယောက်ျားလေးတစ်ယောက် မဟုတ်လေဘဲ မိန်းကလေးတစ်ယောက် ဖြစ်လေသည်။

ထို့နောက် ပါလာသည့် လွယ်အိတ်ကို ဘယ်ဘက်ပုခုံးပေါ်တွင်လွယ်လိုက်ကာ မျက်မှန်တစ်ခုကို တပ်လိုက်လေပြီး ကျောင်းဝန်း ပတ်ဝန်းကျင် ၏ အခြေအနေကို သေချာ ကြည့်ပြီးသော် ကျောင်းဆောင်များထဲမှ ပင်မဆောင်ထဲသို့ တည့်မတ်စွာ ဝင်သွားသည့် သူမ....

ခုနက ခက်ထန်နေသည့် မျက်နှာနှင့် မတူညီသည့်အလား သူမ ကတော့ ကျောင်းဆောင်ထဲကို ဝင်လိုက်ချိန် လာနှုတ်ဆက်သမျှ ဂျူနီယာကလေးများကို အပြုံးတစ်ခုအား ပန်ဆင်လျက် ပြန်လည် နှုတ်ဆက်လေသည်။

မျက်မှန်အောက်တွင် ထင်းနေသော မျက်ကွင်းညိုလေးများက သူမ ၏ ရုပ်ရှည်အား ပို၍ပင် ထင်းထွက်နေပြီး ချောမောနေအောင် ကူညီပေးသလိုပင်။

ကျောင်းပင်မဆောင် ၏ အထူးသီးသန့် ပြုလုပ်ထားပေးသော ဓာတ်လှေကားထဲသို့ ဝင်သွားကာ သူမ၏ လက်ချောင်းများ က အပေါ်ဆုံးအထပ်ကို နှိပ်လိုက်လေသည်။

သီချင်းလေး တညည်းညည်းဖြင့် အပေါ်ဆုံးထပ်သို့ ရောက်ဖို့ရာအတွက် စောင့်နေသယောင်....

ထိုအချိန် အပေါ်ဆုံးထပ် မရောက်ခင် ဓာတ်လှေကားသည်ကား ၃ ထပ်မြောက်တွင် ရပ်လိုက်လေသည်။

Genius : The SecretDonde viven las historias. Descúbrelo ahora