အပိုင်း - ၄၀

8 2 0
                                    

"ဒါဆိုရင် မမ တို့ စိုက်ပျိုးရေးအကြောင်းကို စပြီးတော့ ပြောကြတော့မလား..."

ပြုံးပြုံးလေးဖြင့် လှည့်ကြည့်လာကာ ပြောလာသည့် Demeter အား ခြောက်ယောက်သား အနည်းငယ်တော့ လန့်သွားလေသည်။

သို့သော် ခေါင်းညိတ်ကာဖြင့် သင်ယူရန် အသင့်ဖြစ်နေကြောင်းကို အသိပေးလိုက်ပါသေးသည်။

ပြန်လည်တုံ့ပြန်မှု ရမှသာလျှင် Demeter သည်ကား အရှေ့သို့ ပြန်လှည့်သွားလေကာ လယ်ကန်သင်းရိုးကနေ တစ်ဖက်ခြမ်းစီသို့ ခေါ်ဆောင်သွားပါလေသည်။

"ဒါတွေကတော့ ဘိုးဘွားစဉ်ဆက် လုပ်ဆောင်လာတဲ့ မိရိုးဖလာ စိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်တဲ့ စိုက်ပျိုးရေးနယ်မြေ ဧရိယာပဲကွယ့်...

အထူးသဖြင့် စပါး နဲ့ ဂျုံ ကို အဓိက စိုက်ပြီးတော့ အခြား ပြောင်းဖူး နဲ့ ပဲအမျိုးမျိုးကိုလည်း ဒီမြေတွေမှာပဲ အစိုက်များကြတယ်....

ပြောရရင်တော့ အခု မင်းတို့ မြင်နေတဲ့ စိုက်ပျိုးရေး ဧရိယာတွေက အတ္တလန်တစ်မြို့တော် ရဲ့ အသက်သွေးကြော ဝမ်းစာတွေကို ဖြည့်ဆည်းပေးနေတဲ့ အဓိက နေရာတွေပဲ....

တိုင်းပြည် တစ်ခုမှာဆိုလျှင် တိုင်းသူပြည်သားတွေ အဖိုးအခ နည်းနည်း နဲ့ အဆင်ပြေပြေ စားသောက်နိုင်ဖို့က ပြည်တွင်း ထုတ်ကုန်တွေမှာ အများကြီး တာဝန်ရှိတယ်...

မင်းတို့ပဲ စဉ်းစားကြည့်ပါလား....

အကယ်လို့ ကိုယ့်နိုင်ငံကနေ ပြည်တွင်း ထုတ်ကုန်တွေကို ဈေး သက်သက်သာသာ နဲ့ မထုတ်လုပ်ပေးနိုင်ရင် ကျိန်းသေပေါက်ကို အခြားနိုင်ငံတွေကနေ မှာပြီးတော့ ပြည်တွင်းကို ပြန်လည် တင်သွင်းရမယ်....

အဲ့လို တင်သွားပြီ ဆိုကတည်းက ပြည်ပက ကုန်တွေက ကုန်ကြမ်းစရိတ် ၊ ကုန်ချောစရိတ် ၊ သယ်ယူပို့ဆောင်ခ ၊ အလုပ်သမားတွေအတွက် အဖိုးအခ အဲ့ဒါတွေ အကုန်ပေါင်းလိုက်မယ်ဆိုရင် ပြည်ပ ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေက ပုံမှန်ထက်ကို အဆပေါင်းများစွာက ဈေးတက်သွားလိမ့်မယ်....

အဲ့လိုကနေ ငွေကြေးရှားပါးမှုတွေ ဖြစ်လာပြီး အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုတွေက ကြုံတွေ့လာနိုင်ဖို့အတွက် အချိန်မရွေးပဲ...

Genius : The SecretWhere stories live. Discover now