အပိုင်း - ၂၉

7 2 0
                                    

"ဟျောင့်တွေ.... The Gate of Hell ကို ရောက်တော့မယ်နော်..."

Zeke ၏ သတိပေးသံကြောင့် အောက်ဘက်ကို ငုံ့ကြည့်လိုက်လေသော် အပေါ်စီးကနေ မြင်တွေ့နေရသည့် Mount Victoria....

မီးတောင်ရှင်တစ်ခုဖြစ်၍ အပေါ်စီးက ကြည့်နေတာတောင် ချောရည်ပူများကို တောင်အတွင်း၌ တည်ရှိနေခြင်းအား ကောင်းစွာမြင်တွေ့နေရလေသည်။

မိခင်သဘာဝ တရားကြီးသည်ကား အဆိုးတရားတွေကို ဖြစ်စေသည့် အရာများကိုတောင် လှပအောင် ဖန်ဆင်းထားလေသလား....။

ချော်ရည်ပူများကို အပေါ်စီးကနေ မြင်နေရသည်ကား အလွန်ပင် လှပနေသယောင်....။

ထို့နောက် တောင်အောက်ခြေဘက်သို့ ဦးတည်သွားသည့် APVG12A1 သည်ကား ကောင်းမွန် ကျွမ်းကျင်စွာ မောင်းနှင်တတ်သော လူတစ်ယောက် ၏ လက်ထဲ၌ လှပစွာဖြင့် ကျော့ကျော့ မော့မော့လေး ဆင်းသက်သွားနိုင်ပါလေသည်။

ဟုတ်ပါသည်။ The Gate of Hell ထဲသို့ မဝင်ခင် အပြင်ကနေပြီးတော့ အခြေအနေများကို တစ်ချက်လောက် ကြည့်ချင်၍ The Gate of Hell အနားတွင် ရပ်နားလိုက်ခြင်း ဖြစ်ပါသည်။

ထို့နောက် ခြောက်ယောက်လုံး ယာဉ်ပျံပေါ်ကနေ ဆင်းလိုက်လေပြီး The Gate of Hell ကို အနည်းငယ် ပတ်ကြည့်လိုက်လေသည်။

Treyton ကတော့ ဝတ်ထားသည့် ဝတ်စုံထဲမှ လက်အိတ်ကို ချွတ်လိုက်လေပြီး စမ်းကြည့်လိုက်လေသော် အလွန်ပူပြင်း၍ ချက်ချင်းပင် လက်အိတ်ပြန်ဝတ်ရလေသည်။

အခုလိုမျိုး The Gate of Hell အနားသို့ အနီးကပ် ကြည့်နေနိုင်သည်ကလည်း အထူးပြုလုပ်ထားသည့် ဝတ်စုံများနှင့် အကာအကွယ်များကြောင့်သာ ဖြစ်ပါလေသည်။

"ဟိုကောင် ဂြိုလ်သား.... ဒီထဲကို ဘယ်ကနေ ဘယ်လို ဝင်ရမှာလဲ..."

Hazel က The Gate of Hell ကိုကြည့်လိုက် SVWA1 ကို ကြည့်လိုက်ဖြင့် မေးနေလိုက်တော့သည်။

"မင်းတို့ ယာဉ်ပျံနဲ့ ဒီတိုင်းသာ ဆင်းသွားလိုက် အတွင်းကမ္ဘာကို ရောက်လိမ့်မယ်.... ဒါပေမယ့် နည်းနည်းတော့ပူတယ်..."

SVWA1 သည် Lavender ၏ ပုခုံးပေါ်တွင် အခန့်သား ရှိနေလေကာ Hazel အား ပြန်ဖြေလိုက်တော့လေသည်။

Genius : The SecretOnde histórias criam vida. Descubra agora