အပိုင်း - ၃၆

7 2 0
                                    

သတိကပ်သော အချိန်တွင် APVG12A2 ပေါ်၌တွင် ရှိနေခဲ့ခြင်းအား မှတ်မိသော်လည်း ယခုတော့ အထိအတွေ့ခံစားခြင်း အာရုံမှ ပုံမှန် ထိတွေ့နေကြ မဟုတ်သည်ကို သတိထားမိသလို အနံ့ခံအာရုံထဲသို့လည်း ချိုအီကာ မွှေးပျံ့သည့် ပန်းရနံ့တစ်ခုက ဝင်ရောက်လာပါလေသည်။

ထိုကြောင့် အားတင်းကာဖြင့် Lavender တစ်ယောက် မျက်လုံးဖွင့်လိုက်လေကာ လှဲနေရာမှ အားယူ၍ ထလိုက်လေသည်။

"နိုးနိုးချင်း မထနဲ့လေကွာ.... အားပြန်ပြတ်သွားဦးမယ်..."

ခေါင်းကို အောက်ငုံ့ထား၍ အသံသည်ကား အမျိုးသား တစ်ယောက် ၏ ချိုသာသော အသံမှန်းတော့ သိလိုက်ပါသည်။

အရင်ဆုံး ဘေးနားက ပတ်ဝန်းကျင် အခြေအနေကို ကြည့်လိုက်လေသော် တစ်ခါမမြင်ဖူးသည့် အခန်းတစ်ခု...

ထို့အပြင် ဆေးပစ္စည်းအစုံကလည်း ရှိနေသလို မိမိ ၏ ဘေးဘက်များတွင်လည်း မိမိ ၏ ချစ်ရသူ နှင့် သူငယ်ချင်းများကို လှဲနေကြသည့် အနေအထားဖြင့် ကုတင်ကိုယ်စီတွင် တွေ့လိုက်ရလေသည်။

ပြီးမှသာ မိမိ အရှေ့တွင် ရှိနေသည့် ခုနက ချိုသာသော အသံပိုင်ရှင်အား ကြည့်လိုက်လေသည်။

မြင်လိုက်ရသည်ကြောင့် Lavender တစ်ယောက် မူးဝေနေသည့် ခေါင်းသည်ကား ပူထူသွားလေသည်။

ထိုအမျိုးသားကို ကြည့်၍ ပါးစပ် အဟောင်းသားလေးဖြင့်....

ဟုတ်ပါသည်။ ထိုအမျိုးသားသည်ကား မိမိကို တစ်ချိန်တုန်းက ကယ်တင်ပေးခဲ့လေသော Amaya Jones ဆိုသည့် ကောင်မလေးနှင့် ချွတ်စွတ်ပင် တူပါလေသည်။

ယောက်ျားလေး နှင့် မိန်းကလေး ဖြစ်နေခြင်းသာလျှင် ကွာခြားသွားပါလေမည်။

"အင်း.... သွေးခုန်နှုန်းတွေကတော့ ပုံမှန်ပါပဲ.... သိပ်ပြီးတော့ ခေါင်းကို အလုပ်မပေးနဲ့ဦးနော်.... ဒီမှာ သောက်ရမယ့်ဆေး... မင်း သူငယ်ချင်းတွေအကုန် နိုးလာရင် ကိုယ်ခေါ်တဲ့နောက်ကို တစ်ချက် လိုက်ခဲ့ပေးဦး ကလေးမ..."

ထိုသို့ပြောပြီး သောက်ရမည့် ဆေးအား ပေးလိုက်ခဲ့လေပြီး ဆေးကောင်တာဘက်သို့ ပြန်ထွက်သွားသည့် ထိုလူ....

Genius : The SecretTempat cerita menjadi hidup. Temukan sekarang