အပိုင်း - ၃၈

7 2 0
                                    

"ဟဲဟဲ.... ၉ ယောက်မြောက်ကို သွားကြတာပေါ့....

၁၂ ရာသီခွင်ရဲ့ နဝမမြောက် တစ်နည်းအားဖြင့် ၉ ခုမြောက် ရာသီခွင်ကတော့ Sagittarius.... Sagittarius ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ နတ်ဘုရားတို့ရဲ့ အရှင်သခင် Zeus.... ရည်မှန်းချက်ကို မြင့်မားစွာ ထားတတ်သလို အဲဒီရည်မှန်းချက်ကို ရောက်ရှိအောင် လုပ်နိုင်စွမ်း ရှိသူတစ်ယောက်လည်း ဖြစ်တယ်...။

Zeus ရဲ့ ပြုမူနေထိုင်ပုံဟာ တခြားသူတွေအတွက် စံနမူနာထားစရာ ဖြစ်နေတတ်ပြီး စီမံကိန်းချ အလုပ်လုပ်တဲ့နေရာမှာလည်း ကျွမ်းကျင်မှုသူ ၊ သူရဲ့ ရည်မှန်းချက်ကို ရောက်ဖို့အတွက် ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ကျော်လွှားရယူလေ့ရှိတာကတော့ ထူးခြားတယ်လို့ ပြောလို့ရမယ်...။

ဇူးစ်နတ်ဘုရားဟာ အချစ်ကြီးသလို အချစ်တွေကိုလည်း ဝေမျှပေးနိုင်သူတစ်ယောက်.... ဒါကြောင့် အချစ်တွေဝေမျှမိရင်း ပြဿနာကို လက်ယပ်ခေါ်သလို ဖြစ်တတ်နေတာ... ဆန္ဒရှိသမျှ အောင်မြင်အောင်လုပ်ကိုင်နိုင်တာကြောင့် မကြာခဏ ရည်မှန်းချက်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲတတ်တဲ့သဘော ရှိတယ်...။

ဒီလိုပြောလို့ AT2P မှာတော့ Zeus ကပဲ အားလုံးကို အုပ်ချုပ်နေတာ မဟုတ်ဘဲနဲ့ ၁၂ ရာသီခွင် နတ်ဘုရား ၁၂ ပါးလုံးက တန်းတူ အခွင့်အာဏာတွေ ရှိကြတယ်..."

ဒီ လက်သစ် Zeus ကတော့ မိမိတို့ ကမ္ဘာဂြိုလ်ပေါ်တွင် တွေ့ခဲ့ရသည့် Zeus ကဲ့သို့ မဟုတ်လေဘဲ သန့်သန့် ပြန့်ပြန်လေးနဲ့ကို ချောသော်လည်း Playboy ရုပ်ကတော့ ထင်ပေါ်နေလေသည်။

ထိုသို့ ထင်ပေါ်နေခြင်းမျိုးကလည်း ကမ္ဘာဂြိုလ်တွင် ရှိသည့် Jax နှင့် အတော့်ကိုပင် ရုပ်ချင်းဆင်တူလွန်းပါသည်။

"ကဲ... ဒဿမမြောက် ရာသီခွင်ကတော့ Capricorn ဖြစ်တဲ့အလျောက် ရာသီခွင်ကို ပိုင်စိုးတဲ့ ဂရိနတ်ဘုရားကတော့ ပန်းပဲနတ်ဘုရား Hephaestus ဖြစ်တယ်....။ ပန်းပဲနတ်ဘုရား Hephaestus က သံကိုပုံသွင်းတဲ့ ပန်းပဲပညာသာမက ရုပ်တုများပြုလုပ်တဲ့ ကျောက်ဆစ်ပညာနဲ့ လက်ဝတ်ရတနာပြုလုပ်တဲ့ ပန်းတိမ်ပညာကိုပါ တတ်မြောက်သူလည်း ဖြစ်တယ်....။ ဒါ့အပြင် ငါတို့ရဲ့ လက်နက်တွေကိုလည်း Hephaestus ကပဲ အဓိက ပြုလုပ်ပေးတာ....။

Genius : The SecretOù les histoires vivent. Découvrez maintenant