လျန်ချုံးဝေက နာရီ၀က် စောရောက်နေတယ်၊ သူ ကြိုပြီး ရောက်နေတာတောင် live house ထဲ၀င်ဖို့ လက်မှတ်စစ်တဲ့ နေရာမှာ တန်းစီစောင့်နေတဲ့လူတန်းက အရှည်ကြီး ဖြစ်နေပြီ၊ လျန်ချုံးဝေက အစကတော့ ဒီလူတန်းရှည်ကြီးကို မသိချင်ယောင်ဆောင်လိုက်မယ် တွေးလိုက်ပါသေးတယ်၊ ဒါပေမဲ့ သူလည်း လက်မှတ်စစ် တံခါးနားရောက်လာတော့ မနေနိုင်ဘဲ နောက်ပြန်လှည့်လိုက်ပြီး ဘာအမူအရာမှ မပြဘဲ မျက်နှာတည်ကြီးနဲ့ လူတန်းကို ဓာတ်ပုံရိုက်လိုက်တယ်၊ သူ့အဖေ(လျန်ကျန်းရဲ့ အဘိုး*)ဆီ ပြန်သွားတဲ့အခါ သူ့မြေးက လူတွေအများကြီးရဲ့ သဘောကျခံရတဲ့ အဆိုတော်တယောက်တောင် ဖြစ်နေပြီ ဆိုတဲ့အကြောင်း ဓာတ်ပုံပြန်ပြရမယ်..
လက်မှတ်စစ်သူကို သူက လျန်ကျန်းရဲ့ အဖေဖြစ်ကြောင်း ပြောပြီးနောက်မှာတော့ ၀န်ထမ်းတယောက် ထွက်လာပြီး သူ့ကို ကြိုဆိုရင်း ရှေ့ကလမ်းပြတယ်၊ လျန်ကျန်းက ပွဲမစခင် အသံစမ်းတာ လုပ်နေတယ်၊ သူ့အဖေရောက်လာတာလည်း လှမ်းမြင်ရော သူက နားကြပ်တက်ထားရင်း စင်ပေါ်က ခုန်ချလိုက်ပြီး သူ့အဖေဆီ လျှောက်လာတယ်..
"အဖေက အဲ့မှာ သွားထိုင်ရမယ်!" လျန်ကျန်းက ဒုတိယထပ်ကို လက်ညှိုးလှမ်းထိုးရင်း ပြောလိုက်တယ်၊ ညဘက်တွေမှာ ခုလို ဘာဖျော်ဖြေရေးပွဲမှ မရှိရင် live house တွေက ဘားနဲ့ ဘာမှ သိပ်မကွာဘူး၊ ဒါပေမဲ့ တကယ်လို့ ဖျော်ဖြေရေးပွဲတွေ ရှိရင်တော့ အပေါ်ထပ်သွားရမဲ့ လှေကားတွေကို စည်းတားလိုက်ပြီး ပရိသတ်တွေအားလုံးကို မြေညီပထမထပ်မှာပဲ လူစုစေတယ်၊ ဒီကို ၀င်မလာခင်က လျန်ချုံးဝေက live house တွေရဲ့ အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံကို မသိဘူး၊ လျန်ကျန်းပြောတဲ့ VIPနေရာမှာ ထားပေးမယ်ဆိုတာက စင်ရှေ့ ထိပ်ဆုံးတန်းတို့ ဘာတို့လို့ ထင်ခဲ့မိတာ၊ သူ မျှော်လင့်မထားတာက VIP နေရာဆိုတာ ပရိသတ်တွေအကုန်လုံးနဲ့ နေရာခွဲထွက်နေတဲ့ အပေါ်ဒုတိယလွှာက ထပ်ခိုးခန်းငယ်လို နေရာလေးပဲ..
"အဖေက အောက်ကလူတွေနဲ့ rock and roll ဆိုပြီးခုန်ပေါက်နေလို့မရဘူး" လျန်ကျန်းက စ,လိုက်တယ်၊ သူ့အဖေရဲ့ အသက်နှစ်ဆယ်ကျော် ဘ၀တုန်းက ဘယ်လိုတွေ နေခဲ့မယ်ဆိုတာ သူ သေချာပေါက် သိတာပေါ့၊ လျန်ချုံးဝေက လျန်ကျန်း အသက်ရွယ်လောက်တုန်းက Cui Jian.. Dou Wei.. Zhang Chu တို့ရဲ့ သီချင်းတွေ နားထောင်တယ်၊ အဲ့အချိန်တုန်းက ငယ်ရွယ်မှု သင်္ကေတက rock and roll ပဲ၊ ဒီနေ့ခေတ်မှာတော့ rap ပေါ့..

YOU ARE READING
မင်းအတွက် တောင်တန်းတွေ ဖြတ်ကျော်ခဲ့ပါတယ်
Romanceလန်ကျိုးနယ်က ငယ်ရွယ်၊ ရုပ်ချော၊ ငွေလျှံကာ စိတ်ဆတ်လွယ်သော rapperလေးတဦး။ ရှစ်ကျားကျွမ်းနယ်က နူးညံ့၊ ယဉ်ကျေးကာ အတိတ်ကို သယ်ပိုးထားသော ရဲအရာရှိလေးတဦး။ ဝံပုလွေငယ်လေးဟာ ကြီးပြင်းလာပြီး အရာရှိလေးဟာလည်း သူ့အတိတ်ကိုလက်ခံသွားနိုင်မယ်။ တိုတိုလေးပြောရရင် ရင်ကိ...