Chapter 47 အရင်းအမြစ် ပုံတူလောက
ချီယွီ မယ်ရီဆု လို့ခေါ်တဲ့ စတူဒီယိုရှေ့ရောက်တဲ့အခါမှာ အပေါက်ဝမှာ ဘယ်သူမှမရှိဘဲ တိတ်ဆိတ်နေတာပဲ သူလာမယ်ဆိုပြီးကြိုပြီး စာပို့ထားတဲ့ဟာကို တစ်ယောက်ယောက်က စောင့်နေသင့်တာ မဟုတ်ဘူးလား
သူ့ကို အရူးလုပ်သွားကြတာများလား
သူဆိုတဲ့ ချီယွီက လူတစ်ယောက်ကို ကိုင်ပေါက်လောက်အောင် စွမ်းအားမကြီးပါဘူး ဒါပေမဲ့ ဒီကောင်တွေက သူကို့တကယ်ကြီး ဘာမှ မလုပ်ရဲဘူးထင်ပြီး လှည့်စားသွားရဲကြတယ်ပေါ့လေ
သူတို့က တကယ်ကြီး ဓားတစ်ချောင်းကိုင်လာပြီး ပတ်မကြမ်းရဲဘူးလို့ ထင်နေကြတာလား
သူ့ရဲ့နဂါးနိုင်ဓားကို ကိုင်ထားတဲ့(TN-ကျန်းဝူကျိ)ချီယွီက တံခါးကို ခပ်ကြမ်းကြမ်းတွန်းဖွင့်လိုက်ပြီး အထဲဝင်လာခဲ့တယ် သူဝင်ဝင်လာချင်းမှာပဲ တီရှုးဘူး တစ်ခုက သူ့ဆီပြေးဝင်လာတာကို မြင်လိုက်ရတယ်
မိန်းကလေးလိုဝတ်ဆင်တတ်သူ မုန့်ပင်းက ပျံ့တံ့တံ့နံ့တံ့တံ့စကပ်တိုလေးကို ဝတ်ထားပြီး ဒေါက်ဖိနပ်စီးကာ အခန်းထဲကို ပတ်ပြေးနေတယ် သူ့နောက်မှာတော့ ကြမ်းတိုက်တံကို ကိုင်ပြီးပတ်လိုက်နေတဲ့ ရင်းနှီးပြီးသားလူတစ်ယောက်ကို တွေ့လိုက်ရတယ်
"ထန်ယွီလား"
"ချီယွီ?"
ထန်ယွီက သူ့လက်ထဲက ကြမ်းတိုက်တံကို ပစ်ချလိုက်ပြီး သူ့ကို တအံ့တသြလှည့်ကြည့်လာတယ်
"ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ မင်းလည်း ဒီကောင့်ဆီက လိမ်တဲ့စာရလို့ပဲလား"
လိမ်လည်တဲ့ SMSလား?
ချီယွီ မုန့်ပင်းကို တစ်ချက်ကြည့်လိုက်တယ် ဒါပေမဲ့ သူ့ရုပ်ကြည့်တော့ သနားကမားနဲ့ ဘာလို့ဒီလိုတွေ လိုက်လုပ်နေလဲ စဥ်းစားလို့မရဘူး
မုန့်ပင်း: "..."
ငါမလုပ်ပါဘူး ကျေးဇူးပြုလို့ ငါရှင်းပြတာလေး နားထောင်ကြပါဦး
သူက သူ့ရဲ့ အနာဂတ်ဖောက်သည်တွေကို ဖြောင့်မတ်မှန်ကန်တဲ့ စတူဒီယိုကို တည်ထောင်ထားတဲ့သူဆိုတာ တကယ်ရှင်းပြချင်ပေမဲ့ ထန်ယွီက သူ့ကို စကားမပြောရသေးခင် ကြမ်းတိုက်တံကို ယမ်းပြီး လက်ဖက်ရည်သောက်ဖိတ်ခေါ်တယ်လေ သူထိတ်လန့်သလိုခံစားရပြီး ပတ်ပြေးရုံပဲပေါ့
ဂိမ်းက ဆွဲခေါ်ခံရတဲ့ဆုအနေနဲ့ ဒီနေရာမှာ စျေးပေါတာကနေ စျေးကြီးတာအထိ လက်ဖက်အမျိုးမျိုးကို အထုပ်ကြီးတစ်ထုပ်ကိုမှ ပွိုင့်တစ်ခုပေးပြီး ရွေးချယ်နိုင်တယ်

YOU ARE READING
လွတ်မြောက်ခြင်းဂိမ်းထဲက ဘော့စ်က ငါ့ကလေးကိုလွယ်ထားရတယ်တဲ့
Terrorချီယွီဟာ ခြောက်ခြားဖွယ်ရာ လွတ်မြောက်ခြင်းဂိမ်းတွေကို ရှင်းလင်းဖို့ ရွေးချယ်ခံခဲ့ရတယ် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းမှုတချို့ကြောင့် COPYတွေတစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ် ဒါပေမဲ့ ဘာလို့ သူ့COPYတေွကသူများနဲ့မတူဘူးလို့...