《 The Great Heist of Jin City ပထမဆုံးအကြိမ်တင်ဆက်သည့်နေ့ 》၂၀၂၁ ခုနှစ် ၊ ဂျွန်လ ၁၉ရက် ၊ စနေနေ့ ။
အုတ်အော်သောင်းတင်းဖြစ်စေသည့် သမိုင်းကြောင်းတစ်ရပ်နှင့် တောင်ပိုင်းဒေသ ကမ်းရိုးတန်းမြို့ဖြစ်သော ကျင်းမြို့က တရုတ်ပြည်မကြီးတွင် ထူးခြားသောအရပ်တစ်ခုကို ပိုင်စားထား၏ ။
ကျင်းမြို့မှာ တစ်ချိန်က ဥရောပကိုလိုနီနယ်ချဲ့များ ပဋိဉာဥ်စာတမ်းချုပ်ဆိုထားပြီး လုပ်ပိုင်ခွင့်ပေးထားသောမြို့ဖြစ်သည် ။ နောက်ဆုံး ၁၉၉၉ ခုနှစ်မှသာ အမိမြေလက်ဝယ်ပြန်လည်ရောက်ရှိလာ၏ ။
သူတို့မြို့မှာ တောင်းပိုင်း၏ အပူပိုင်းဒေသ၌ တည်ရှိပြီး ပုံမှန်အားဖြင့် နွေအဝင်စောသည် ။ ဂျွန်လနှောင်းပိုင်းဆိုပါက အလွန်ပူပြင်းနေပြီဖြစ်ပြီး လေအေးပေးစက်မရှိဘဲ နေနိုင်ဖို့ပင် ခက်လိမ့်မည် ။
နေ့လည်ခင်း တစ်နာရီခွဲအချိန်၌ ယဲ့ဟွိုင်ရွေ့မှာ ဘူတာရုံမှ ထွက်လာလာချင်း အပူရှိန်ဖြင့် ရိုက်ခတ်ခံလိုက်ရ၏ ။
နေ့တစ်နေ့၏ ယခုလိုအချိန်မျိုးက အပူဆုံးဖြစ်ပြီး ရဲရဲတောက်နေသော နေအပူရှိန်အောက်၌ လျှောက်သွားရခြင်းက ညှင်းပန်းနှိပ်စက်ခံနေရတာနှင့် ဘာမှမထူးပေ ။
မှုခင်းဆေး၊ရောဂါဗေဒပညာရှင်ယဲ့က ကားမောင်းသွားဖို့ စဥ်းစားခဲ့သော်လည်း မကြာသေးမီက 'ရွှေကျန်း' ဧရိယာတစ်ဝိုက်တွင် လမ်းသစ်ခင်းနေဆဲဖြစ်သောကြောင့် ယာဥ်လမ်းကြောင်းပိတ်ဆို့မှုအနေအထားက အတပ်ပြောရခက်၏ ။
ယာဥ်လမ်းကြောင်း၌ ကိုယ်ပါကားပိတ်နေမည့်အဖြစ်မျိုးကို သူလောင်းကြေးမထပ်ချင်ပေ ။
ဟုတ်တယ်...ယဲ့ဟွိုင်ရွေ့က မှုခင်းဆေးပညာရှင်တစ်ယောက် ။
ယဲ့ဟွိုင်ရွေ့၏ အဖေက ကျင်းမြို့တွင် လူချမ်းသာစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး သူ့မိခင်ကလည်း ကျီကျန်းရှိ ပညာရှင်မိသားစုမှ အကြီးဆုံးသမီးဖြစ်၏ ။
သို့သော်လည်း သူမူလတန်းကျောင်းတက်စဥ်အရွယ်၌ သူ့မိဘများက ကွာရှင်းခဲ့ကြသည် ။ ထိုအချိန်မှစကာ သူက မိခင်နှင့်အတူ ပြည်မကြီးတွင်သာနေထိုင်ခဲ့ရပြီး ဘွဲ့ရပြီးနောက်ပိုင်း အလုပ်ကြောင့်သာ ကျင်းမြို့သို့ ပြန်ရောက်ရှိလာ၏ ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystère / ThrillerCP: ယင်းကျားမင် × ယဲ့ဟွိုင်ရွေ့ Author : လွီကျီကျီ ( 吕吉吉 ) Chapter : 102 + 19 extra I don't own this story. All credits to original author.