Ch 10 - Director 03

46 11 0
                                    


《 ငါမင်းကို တကယ်သတိရတယ် 》

" ဟေး..အားရွေ့ ! အားရွေ့ရေ ! ယဲ့ဟွိုင်ရွေ့ ..မင်းရှိနေသေးလား..."

ယင်းကျားမင် သူ့သူငယ်ချင်းအသစ်လေး၏ နာမည်ကို အခန်းပတ်ပတ်လည်လျှောက်ခေါ်ကြည့်နေမိသည် ။

ကံမကောင်းစွာဖြင့် ယဲ့ဟွိုင်ရွေ့က အခုသူခေါ်နေတာကို လုံးဝမကြားနိုင်တော့ပေ ။

" ကျစ်..ငါ့ကိုလာနောက်နေတာလား..."

ယင်းကျားမင် သူ့ဆံပင်ကို ဆွဲဖွလိုက်ပြီး သူ့ဘာသာပြန်ညည်းညူနေမိသည် ။

" သူပြောတော့ 2021ကလာတာဆိုပြီးတော့...သူ့ရဲ့ အချိန်စက်ယန္တရားက သေချာပေါက် စကားပြောနေရင်းတန်းလန်းမှ စက်ချို့ယွင်းသွားရလား..."

ယင်းကျားမင်က " ကျွန်တော့်မှာ အကြံပြုစရာရှိတယ် " ဟုပြောလိုက်တာကို ကြားလိုက်ရုံသာရှိသေးပြီး ထိုအကြုံပြုချက်ကဘာဖြစ်မလဲဆိုတာကို သူကစောင့်မျှော်နေတာ ဖြစ်သည်  ။ သို့သော် မထင်မှတ်ထားစွာဖြင့် မည်သည့်စကားကိုမှ ထပ်မကြားရတော့။

" ဟူး...အဆက်အသွယ်ကလည်း တကယ့်အချိန်မှာမှ လာပြတ်သွားရတယ်လို့..."

ယင်းကျားမင် အလွန်ဒေါပွနေ၏ ။

ဤမြေအောက်အခန်းကျဥ်းလေးထဲတွင် သူတစ်ချိန်လုံးပိတ်လှောင်နေခဲ့ရတာဖြစ်ပြီး ဒါကအကျဥ်းကျတာထပ်ပင် ပိုဆိုးသေးသည် ။ လဲ့လဲ့က သူ့အတွက် နှစ်ရက်ခြားတစ်ခါ အစားအသောက်တွေယူလာပေးတာမှလွဲလို့ သူဘယ်သူ့ကိုမှလည်း မမြင်တွေ့ရပေ ။ သူ့အတွက်စကားပြောဖော်က သူကိုယ်တိုင်သာဖြစ်ပြီး ထိုရူးကြောင်ကြောင်ကိုယ်မေး ကိုယ်ဖြေအလုပ်ကိုလုပ်နေရ၏ ။

သူ့ကိုယ်သူ " ယဲ့ဟွိုင်ရွေ့ "ဟုမိတ်ဆက်သွားသောသူက လဲ့လဲ့မှလွဲ၍ သူ့ရဲ့တစ်ဦးတည်းသော စကားပြောဖော်ဖြစ်သည် ။ သူက သရဲပဲဖြစ်ဖြစ် ၊ အနာဂတ်မှလာတာဖြစ်ဖြစ် ၊ ဒါမှမဟုတ်လည်း တောင်စောင့်နတ် တို့ နတ်ဆိုးနတ်ကောင်းတို့ဖြစ်နေရင်တောင် ယင်းကျားမင်ဂရုမစိုက်ပေ ။

ထူးခြားဆန်းကြယ်သောတည်ရှိမှုများနှင့် ယှဥ်လျှင် အလွန်အထီးကျန်ဆန်မှု နှင့် အဆုံးမရှိအကျဥ်းကျနေခြင်းက ပိုပြီးစိတ်ပျက်စရာကောင်းသည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now