Ch 5 - Villa 03

148 26 4
                                    

《 အဲ့ဒီမှာ အခုဘယ်နှစ်ခုနှစ်လဲ 》

ယဲ့ဟွိုင်ရွေ့ ဖုန်းကိုလက်ဖြင့်ကိုင်ထားရင်းတန်းလန်း မလှုပ်မယှက်စားပွဲရှေ့တွင်ရပ်နေမိသည် ။

တစ်စုံတစ်ရာက အလွန်ချောက်ချားထိတ်လန့်ဖွယ်ဖြစ်နေတာကို သူရုတ်တရက် သတိထားမိလိုက်၏ ။

" 我 " နှင့် " 答我 " စာလုံးတွင် ရှည်လျားသောအကွေးသဏ္ဍာန်ဆွဲချက်ပါဝင်ပြီး အဆုံးသတ်နား၌ အတွင်းဘက်သို ပြန်ကွေးသွားသည့်ဟန်ရှိကာ " 6 " ပုံစံကိုမှ အနည်းငယ်ရွဲ့စောင်းနေတာနှင့် ဆင်တူသည် ။ ယင်းက မယုံကြည်နိုင်စရာကောင်းလောက်အောင် ခြားနားသိသာနေ၏ ။

ယဲ့ဟွိုင်ရွေ့ မကြာသေးခင်ကမှ ၎င်းနှင့် ဆင်တူသော စုတ်ချက်အကွေးသဏ္ဍာန်ကို သူရှာတွေ့ခဲ့သည့် ဆောင်းပါးထဲ၌ တွေ့လိုက်ရတာ ဖြစ်သည် ။

မဖြစ်နိုင်တာ !!

ယဲ့ဟွိုင်ရွေ့ လုံးဝကို စိတ်ရှုပ်ထွေးသွား၏ ။

ချက်ချင်းဆိုသလို သူ့စိတ်ထဲ၌ အစီစဥ်များကိုချိတ်ဆက်ပြီး လုပ်ကြံဇာတ်ခင်းနေမိသည် ။

တစ်စုံတစ်ယောက်က တမင်ရည်ရွယ်ချက်ရှိရှိ အကွက်ဆင်ပြီး သူ့ကို ဒီအိမ်ဝယ်ဖြစ်အောင်လုပ် ၊ ပြီးမှလျှို့ဝှက်ခန်းကို ရှာတွေ့အောင် ၊ အဲ့ကနေတစ်ဆင့် စားပွဲခုံကစာ ၊ နောက်ဆုံးချောက်ချားစရာကောင်းတဲ့ရေကွက်စာလုံးတွေဆွဲပြီး သူ့ကို နောက်ပြောင်ကျီစယ်နေတာပဲ ဖြစ်ရမယ် ။

ဒါပေမဲ့ ဒါကြီးက အဓိပ္ပာယ်မှမရှိတာ...

ဟုတ်ပေ၏ ။ အဓိပ္ပာယ်မရှိရုံမျှမက လက်တွေ့လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်လောက်ပေ ။

ထို့အပြင် သူက ထိုလွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က ဓါးပြမှုကြီးနှင့် ဘာဆက်စပ်မှုမှမရှိသော မှုခင်းဆေးပညာရှင်တစ်ယောက်သာဖြစ်၏ ။ သူ့ကို ရှုပ်ဖို့အတွက်နှင့် ထိုမျှလောက်လုပ်ဖို့ လိုပါမည်လား ။

ယဲ့ဟွိုင်ရွေ့တစ်ယောက် " ထွက်ပဲပြေးရမလား " နှင့်
" တစ်ချက်လောက်ပြန်ကြည့်လိုက်သင့်လား " နှစ်ခုကြားတွင် သုံးဆယ်စက္ကန့်တိတိ ဗျာများသွားရ၏ ။ သို့သော်လည်း နောက်ဆုံး၌ သူ၏ အစွန်းရောက်သောစူးစမ်းလိုစိတ်က အနိုင်ရသွားသည် ။ သူစားပွဲခုံသို့ပြန်သွားကာ လက်ဖေ့ရည်ထဲလက်ချောင်းနှစ်၍
ခြောက်သွေ့လုနီးပါးဖြစ်နေသော " 答我 "(ငါ့ကိုပြန်ဖြေ ) ဟူသည့် စာလုံးနား၌ပင် ရေးဆွဲလိုက်သည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now