Ch 13 - Forensic Examination 03

151 27 1
                                    


《 တကယ့်တရားခံအစစ်ကို ရှာမတွေ့ဘူးဆိုရင်တောင် အပြစ်မရှိတဲ့သူကိုတော့ မမှားနိုင်ဘူး 》

ယဲ့ဟွိုင်ရွေ့က ယင်းကျားမင်ကို ပြောလိုက်သည် ။

" အရင်ဆုံး စာရွက်တစ်ရွက် နဲ့ ဘောပင်တစ်ချောင်းကို ရှာလိုက်..."

ဤတောင်းဆိုမှုက အနည်းငယ် ပဟေဠိဆန်သည်ဟုခံစားရသော်လည်း ယင်းကျားမင်က သတင်းစာထဲမှာ ကြော်ငြာစာမျက်နှာကို ဖြဲလိုက်ပြီး ဖောင်တိန်ကို ဘေးမှာချထားလိုက်သည် ။

" အဆင်သင့်ပဲ "

သူကမေးလိုက်သည် ။
" ပြီးတော့ရော..."

" ဒါဆို စာရွက်ပေါ်မှာ တစ်ခုခုရေးလိုက်ပါ..."

ယဲ့ဟွိုင်ရွေ့ စိတ်လှုပ်ရှားမှုကြောင့် သူ့လည်ချောင်းများ ခြောက်သွေ့လာသလိုပင် ခံစားလိုက်ရသည် ။
" ပြီးရင် စာရွက်ကို ခေါက်ပြီး အံဆွဲထဲကိုထည့်လိုက်..."

ယင်းကျားမင်က " အမ်း " ဟုသာတုံ့ပြန်လာပြီး တိတ်ဆိတ်ကျသွား၏ ။

လှုပ်ရှားနေသည့် အသံယဲ့ယဲ့ကို ယဲ့ဟွိုင်ရွေ့ကြားနေရသည် ။ တစ်ဖက်လူက သူပြောသလို စာချန်ထားဖို့ လုပ်နေတာဖြစ်မည်ဟု သူတွေးမိ၏ ။

တစ်မိနစ်ခန့်ကြာပြီးနောက် ယင်းကျားမင်ကပြောလာသည် ။
" ပြီးသွားပြီ..."

ယဲ့ဟွိုင်ရွေ့ နှလုံးတင်းကြပ်သွားပြီး သူ့ညာဘက်တွင်ရှိနေသော အံ့ဆွဲကို အမြန်ဖွင့်ကြည့်လိုက်သည်။

အထဲတွင် ရှင်းလင်းနေပြီး ဘာမှမရှိချေ ။

ထို့နောက် သူဘယ်ဘက်အံဆွဲကို ထပ်ဖွင့်ကြည့်လိုက်သော်လည်း ဘာမှရှာမတွေ့သေး ။

ယဲ့ဟွိုင်ရွေ့ မှင်သက်သွား၏ ။

အံဆွဲထဲရှိ သတင်းစာ ၊ အပတ်စဥ်စာစောင် ၊ မဂ္ဂဇင်းတို့ကို ဤမြေအောက်ခန်းအား သူရှာတွေ့ခဲ့သည့်နေ့ကတည်းက ရှင်းပစ်လိုက်တာ ဖြစ်သည် ။ ဒါတင်သာမကဘဲ စာအုပ်တိုင်း စာရွက်တိုင်း၏ အတွင်းထဲမှ စာမျက်နှာများကို အသေးစိတ်စစ်ကြည့်ခဲ့သေး၏ ။ ထိုအထဲတွင် မည်သည့် "လျှို့ဝှက်အမှာစာ"မှ မပါဝင်ပေ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now