Ch 37 - Heredity 06

270 50 1
                                    

《 မင်းကိုယ့်ကို ဘာအကြောင်းပြောချင်လို့လဲ...》

ယင်းကျားမင် စိတ်ထဲ၌ မီးတောက်နေသလိုကို ပူလောင်နေရသော်လည်း သူတတ်နိုင်တာ ဘာမျှမရှိချေ ။

တကယ်တမ်းကျ ၎င်းကဖော်ထုတ်ဖို့ ထိုမျှမခက်ပေ။

သခင်လေးယင်း အခုထိ ရဲအဖမ်းမခံရသေးဘူးဆိုသည်မှာ တစ်စုံတစ်ယောက်က သူ့ကို ကူညီပေးနေတာကြောင့်ပင် ။

အကယ်၍ ကြိုးကိုင်သူကသာ အရင်ဆုံး ယင်းကျားမင်ကို ရှာပြီး ရှင်းထုတ်ပစ်ချင်လျှင် သတင်းရနိုင်ဖို့ သူနှင့်ရင်းနှီးသောသူများကို ပစ်မှတ်ထားခြင်းက အမြန်ဆုံး နှင့် အကျိုးရှိဆုံးဖြစ်လိမ့်မည် ။

ဤယူဆချက်သာ အမှန်ဆိုလျှင် ...

" ချွေ့ဟွာ ၊ လဲ့လဲ့ ၊ လုံကျိုင် နဲ့ တစ်ခြားသူတွေ..."

ယင်းကျားမင် ကူကယ်ရာမဲ့ပြီးစိုးရိမ်ပူပန်နေမိ၏။

လူသတ်သမားက အားဟူထံမှ ဘာသတင်းမှ မရလာဘူးဆိုလျှင် တစ်ခြားသူများကလည်း နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်သည် ။

အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်မိန်းကလေး လဲ့လဲ့သာ လူသတ်သမားနှင့် ကြုံလျှင် ...

ယင်းကျားမင် ရုတ်တရက် ထရပ်လိုက်၏ ။

သူ့စိတ်ထဲ စိုးရိမ်ပူပန်မှု နှင့် ကြောက်ရွံ့စိတ်တို့ဖြင့် အလွန်လေးလံနေသည် ။

အားဟူက သူ့ကြောင့် ဤကိစ္စတွေထဲ ဆွဲသွင်းခံလိုက်ရပုံပေါ်ပြီး အကယ်၍ လဲ့လဲ့ပါ တစ်ခုခုဖြစ်သွားလျှင် သခင်လေးယင်း တစ်သက်လုံးလိပ်ပြာမလုံသလို ခံစားနေရပြီး အေးချမ်းနိုင်မည်မဟုတ်ပေ ။

ယင်းကျားမင် ဒီအကြောင်းကို တွေးမိလေလေ ပိုဂနာမငြိမ်ဖြစ်လာလေလေပင် ။ သူခြေထောက်ကြွကာ မြေအောက်ခန်းတံခါးကို ဦးတည်လိုက်ရင်း သူ့ခေါင်းထဲ လဲ့လဲ့ကို သတင်းစကားချန်ပေးဖို့သာ တွေးနေမိ၏ ။ သူမကို အထူးသတိထားဖို့နှင့် ဒီနေရာကို ဘယ်တော့မှ ထပ်မလာတော့ဖို့ မှာရမည် ။

" ယင်းကျားမင် ! "

ဖောက်ထွင်းမြင်ရသောအရိပ်ယောင်က မြေအောက်ခန်းတံခါးကို ဦးတည်နေတာတွေ့ရသောအခါ ထိုသူဘာလုပ်ချင်နေလဲဆိုတာ ယဲ့ဟွိုင်ရွေ့ ချက်ချင်း ခန့်မှန်းမိသွား၏ ။ ထိုသူ့ကို သူလှမ်းဆွဲထားချင်သော်လည်း ထိတွေ့လို့မရနိုင်သည့်အတွက် အနောက်ကနေသာ သူလှမ်းသာအော်လိုက်ရသည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now