Ch 12 - Forencis Examination 02

123 23 2
                                    


《  ကြောက်လန့်၍ သေဆုံးမှု 》

ယဲ့ဟွိုင်ရွေ့ ခေါင်းခါမိလျက် ။

မည်သည့်သေနတ်ဒဏ်ရာမှမရှိ ၊ ပြင်ပထိခိုက်ဒဏ်ရာလည်းမတွေ့ရသလို ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်တာမျိုးလည်းမရှိချေ ။ ဝမ်ရှောင်းဝူ၏ အလောင်းခွဲစိတ်မှုရလဒ်က အပြင်းအထန်ထိခိုက်အနာတရဖြစ်တာကြောင့် သေဆုံးတာမဟုတ်ဘူးဆိုတာကို အတည်ပြုပေးနေ၏ ။

လက္ခဏာများရှာဖွေ့တွေ့ရှိမှုမရှိသည့်အပြင် သူ့အပေါင်းအဖော်များ၏ ထွက်ဆိုချက်များ ၊ သံသယဖြစ်ဖွယ်ထုတ်ပြန်ချက် နှင့် အခြားသောသက်သေများအရ ကြီးမားသောပြင်ပလှုံ့ဆော်မှုက ခန္ဓာကိုယ်အတွင်းပိုင်းအခြေအနေကို အနှောင့်အယှက်ဖြစ်စေပြီး ရုတ်တရက် နှလုံး နှင့် အသက်ရှူခြင်းကို ရပ်တန့်စေသောကြောင့် ရှောင်းဝူ၏ သေဆုံးမှူရလဒ်ကို ဖြစ်ပေါ်စေသည်ဟုပဲ ယဲ့ဟွိုင်ရွေ့ယူဆနိုင်သေးသည် ။

တိုတိုနှင့်လိုရင်းကို ပြောရမည်ဆိုလျှင်တော့ လန့်သေတာ သို့မဟုတ် ကြောက်လန့်၍ သေဆုံးသွားခြင်းပင်။

ဤအနှစ်ချုပ်ယူဆချက်က ယုံကြည်စရာမကောင်းဘူးဟု ထင်ရသော်လည်း အရာရှိဟွမ်ပင်လျှင် " ငါမင်းကို မယုံတာတော့မဟုတ်ပေမဲ့ မိသားစုနဲ့ သတင်းသမားတွေက ဒါကိုလက်မခံမှာစိုးရိမ်မိတယ် " ဟူသော ရှုပ်ထွေးသည့်အမူအရာမျိုးပြလာ၏ ။

သို့သော် မှုခင်းဆေးပညာတွင် " ကြောက်လန့်၍ သေဆုံးခြင်း "က ရှားပါးသောဖြစ်စဥ်မဟုတ်ချေ ။

တစ်ချို့သောသူများက ရိုးရှင်းသည့်အခြေအနေများဖြစ်သည့် အကြာကြီးအောင့်ထားရပြီးမှ ဆီးသွားရခြင်း ၊ မျက်လုံးကို ထိုးမိခြင်း သို့မဟုတ် အကြမ်းပတမ်းကစားနေချိန်အတွင်း အဖော်မှစနောက်ကျီစယ်ကာ လည်ပင်းကိုညှစ်လိုက်ခြင်းတို့ကြောင့် ရုတ်တရက်နှလုံးရပ်သေဆုံးသွားနိုင်၏ ။

ဝမ်ရှောင်းဝူ၏ အမှုကို ပြန်သွားကြည့်မည်ဆိုလျှင်...

ခွဲစိတ်စစ်ဆေးမှုရလဒ်တွင် ဝမ်းရှောင်ဝူ၏ သိုင်းမက်စ်က ကြီးနေပြီး " thymic-lymphatic constitution* "ကို ဖော်ပြနေတာဖြစ်နိုင်သည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now