Ch 25 - Skeleton 03

254 50 4
                                    

《 သေဆုံးမှု ဖြစ်စဥ် 》

ဩဂုတ်လ ၃ရက် ၊ အင်္ဂါနေ့ ...

ကျင်းမြို့ တရားရေးရာရဲဌာနဗျူရို၏ မှုခင်းစစ်ဆေးရေးဓါတ်ခွဲခန်း၌ ။

မနက် ၉နာရီ ၅ မိနစ် ။

အလောင်းခွဲစိတ်စားပွဲပေါ်တွင် အရိုးစုများကို လူ့ပုံသဏ္ဍာန်အတိုင်း ပြန်ဖွဲ့စည်းထား၏ ။ ယဲ့ဟွိုင်ရွေ့ ၊ အိုးယန်ထင်းထင်း နှင့် ကျန်းမင်မင်တို့က စားပွဲဘေးတွင် ရပ်နေပြီး သူတို့၏ အရိုးစုစမ်းသပ်မှုကို စတင်လိုက်သည် ။

သံသယရှိအလောင်းအား ရှာဖွေတွေ့ရှိချိန်တွင် ပထမဆုံး ဆုံးဖြတ်ရမည့်အရာက ထိုလူသေဆုံးတာ ဘယ်လောက်ကြာသွားပြီလဲဆိုတာကိုပင် ။

သေဆုံးသည့်အချိန်ကို သတ်မှတ်ရခြင်းက ပုံမှန်အားဖြင့် မှုခင်းဆေးပညာစစ်ဆေးမှုတွင် အရေးပါသောတာဝန်ဖြစ်ပြီး သေဆုံးချိန်ကို ထုတ်ဖော်ခြင်းက အမှု၏ သဘောသဘာဝကို ရှင်းလင်းသွားစေ၏ ။ ထို့အပြင် စုံစမ်းစစ်ဆေးရမည့်နယ်ပယ်ကို ပိုကျဥ်းသွားစေပြီး သံသယဝင်စရာအချက်တစ်ချို့ကိုလည်း ရွေးထုတ်နိုင်လိမ့်မည် ။

ပုံမှန်အားဖြင့် စုံထောက်ဝတ္ထုတစ်အုပ်ကို ဖတ်မည်ဆိုလျှင် စာရေးသူက အမြဲတမ်းလိုလို သေဆုံးပြီးတစ်နာရီအကြာတွင် livor mortis ဖြစ်ပေါ်လာပြီး rigor mortis က နှစ်နာရီ မှ သုံးနာရီအကြာတွင် ဖြစ်တတ်တာကို သေချာထည့်သွင်းဖော်ပြထား၏။ သေဆုံးပြီး လေးဆယ့်ရှစ်နာရီအကြာတွင်တော့ ထိုလက္ခဏာများက ပျောက်ကွယ်သွားလိမ့်မည် ။ သုံးရက်မှ ငါးရက်အတွင်းရောက်သွားလျှင် အလောင်းက ပြိုကွဲပျက်စီးခြင်းဖြစ်စဥ်ကြောင့် ဖောင်းပွလာမည် ။ တစ်လအကြာတွင်ဆိုလျှင် တစ်ရှူးအနုသားများက အရည်ဖြစ်သွားပြီး တစ်နှစ်အကြာတွင်ဆိုလျှင်တော့ အလောင်းက သဘာဝတရားဆီသို့ ပြန်ရောက်ရှိသွားလိမ့်မည် ။

( t/n : livor mortis  ဆိုတာ သေဆုံးပြီးတဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးတွေစုပုံလာပြီး အရေပြားက နီညိုရောင်ပြောင်းလဲလာတာမျိုးပါ ။ rigor mortis ကတော့ သေဆုံးပြီးတဲ့နောက်မှာ ကြွက်သားတွေတောင့်တင်းလာတဲ့ stage ပါ ။ )

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now