Ch 30 - Old Affairs 03

199 46 0
                                    

《 ဒီတစ်နပ်စာကို အကြွေးမှတ်ထားလိုက်မယ် 》

အားဟူ ဘာစကားမှ ဆက်မပြောတော့ဘဲ ထိုင်လျက် အစားသာစားနေတော့သည် ။

တစ်အောင့်ကြာပြီးနောက် ဆံဝါကောင်ရော အားဟူပါ စားသောက်လို့ပြီးစီးသွား၏ ။

ဆံဝါက ဆိုင်ထဲကို " ရှင်းမယ်" ဟု လှမ်းအော်ပြောလိုက်ရာ ဆိုင်ရှင်ကထွက်လာပြီး စုစုပေါင်း ငါးဆယ့်သုံးယွမ်ကျသင့်သည်ဟု နှစ်ယောက်ကိုပြောလိုက်သည် ။

အားဟူ သူ့ပိုက်ဆံအိတ်ကို နှိုက်ကြည့်တော့မှ ပိုက်ဆံအိတ်က သူအစောပိုင်း ပန်းခြံထဲကို လွှင့်ပစ်လိုက်သော လုံခြုံရေးဂျက်ကတ်ထဲတွင် ပါသွားကြောင်း သတိရလိုက်၏ ။

သူ့အမူအရာက ရှက်စိတ် နှင့် ကသိကအောက်ဖြစ်ခြင်းတို့ရောသွားပြီး သွေးပူလာတာကြောင့် မျက်နှာပေါ်ရှိ အနီရောင်အမှတ်ကပင် ပိုလို့ရဲလာသယောင်ယောင် ။

" အာ... ဒါက စျေးကြီးတာမှမဟုတ်ကွာ ...ကိစ္စမရှိပါဘူး ... ဒါကိုမောက်ကောကျွေးတယ်လို့သာ သဘောထားလိုက် ... "

ဆံဝါကောင်က သူ့ပိုက်ဆံအိတ်ထဲမှ ရာတန်တစ်ရွက်ကို ဆိုင်ရှင်ဆီ ထုတ်ပေးလိုက်သည် ။
" အကြွေပြန်မအမ်းနဲ့တော့ဗျာ ... ကျန်တာကိုပါ ကျုပ်ရှင်းရမယ့်ထဲထည့်လိုက် ... နောက်တစ်ခါမှထပ်လာစားအုန်းမယ်... "

ဤသို့ဖြင့် သူက အားဟူကို ဆွဲခေါ်သွား၏ ။
" လာ..လာ ... အစာကြေအောင် လမ်းလေးဘာလေးလျှောက်ရမယ် ... "

နှစ်ယောက်သား စားသောက်ဆိုင်လေးထဲမှ ထွက်လာပြီး လမ်းကြားတစ်လျှောက် လမ်းလျှောက်သွားကြသည် ။

" ဒါနဲ့ အားဟူ..."

သူတို့လမ်းလျှောက်လာရင်း ဆံဝါကောင်ကပြောလာ၏ ။
" အခုမင်းပုံစံကိုလည်းပြန်ကြည့်ပါအုန်းကွာ ... အလုပ်ကလည်းပြုတ်သွားပြီ ... အင်္ကျီအစုတ်နဲ့လျှောက်သွားနေတာ ... ၂၅ယွမ်ပဲကျတဲ့ ထမင်းလိပ်နဲ့ ငါးအရေခွံတောင် မတတ်နိုင်တော့ဘူး ... ဘယ်လိုလုပ်မှာလဲ ... "

သူက အားဟူနားကိုကပ်သွားရင်း စပ်ဖြီးဖြီးဖြင့်
" ကြည့်စမ်း ... မင်းက အားလည်းသန်တယ် ... အလုပ်ကြိုးစားပြီး တိုက်ရည်ခိုက်ရည်လည်းရှိတယ် ... မင်းရဲ့ဘော့စ်က ကျသွားပြီဆိုမှတော့ ငါတို့ဘော့စ်ဆီလာမယ်ဆိုဘယ်လိုလဲ ... ဒီလိုဆို မင်းလည်း ငါ့သွေးသောက်ညီအစ်ကို ဖြစ်လာမှာပဲကွာ ... "

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now