《 မင်ကောက ငါ့ရဲ့ ကျေးဇူးရှင်ပဲ 》ဂျူလိုင် ၂၇ ၊ အင်္ဂါနေ့ ၊ ည ၇နာရီ ၃၅ မိနစ် ။
ယဲ့ဟွိုင်ရွေ့က အထပ်မြင့်အဆောက်အဦတစ်ခု၏ မြေအောက်ကားပါကင်သို့ မောင်းနှင်သွား၏ ။ ကားကို ပါကင်ထိုးပြီးနောက် လုံခြုံရေးဂိတ်နှစ်ခုကို သူဖြတ်သွားပြီး လုံခြုံရေးအစောင့်က သူ့အားပေးလိုက်သော ယာယီဝင်ခွင့်ကတ်ကိုအသုံးပြုကာ အထပ်သုံးဆယ်မြောက်သို့သွားရန် ဓါတ်လှေကားကို အသုံးပြုလိုက်သည် ။
ဤအဆောက်အဦက ဓါတ်လှေကားတစ်ခု နှင့် အလွှာကျယ်အထပ်ကို လုံးချင်းအခန်းသာရှိ၏ ။ ကျင်းမြို့၏ ပေါက်စျေးအရ ဤနေရာတွင် နေထိုင်ဖို့ဆိုလျှင် မီလီယံဆယ်ချီကုန်ကျလိမ့်မည် ။
အဆောက်အဦ၏ တင်းကြပ်သော လုံခြုံရေး နှင့် အလွန်သီးသန့်ဆန်သောကြောင့် ဤနေရာ၌ နေထိုင်သူများက အလွန်သြဇာရှိပြီး ချမ်းသာသောသူများ မဟုတ်လျှင် အသိုင်းအဝိုင်း၌ လူသိများကြသူများဖြစ်၏ ။
သုံးဆယ်ထပ်မြှောက်အလွှာက ကျင်းမြို့၏ နာမည်ကြီးဒါရိုက်တာ ကျောက်ချွေ့ဟွာနေထိုင်ရာပင် ။
ယဲ့ဟွိုင်ရွေ့က ရိုကျိုးသော မှုခင်းဆေးပညာရှင်တစ်ယောက်သာ ဖြစ်၏ ။သူက သူ့နယ်ပယ်တွင် နာမည်ကြီးလူသစ်လေးဟု ယူဆရသော်လည်း ပြည်ပအထိကျော်ကြားသော ဒါရိုက်တာကျောက်နှင့် အဆက်အသွယ်ရဖို့ဆိုတာ ကျန်းမော့ကို ပင့်ဖိတ်ရတာထပ်ပင်ခက်သေးသည် ။ပြောနေစရာပင်မလိုချေ ၊ ထိုကဲ့သို့ အလုပ်များသောသူကို သူတို့၏ အချိန်ဇယားအားဖဲ့ခိုင်းပြီး သီးသန့်တွေ့ဆုံခွင့်ရဖို့ဆိုတာက ပိုလို့ပင် စိန်ခေါ်မှုများသေး၏ ။
ကံကောင်းစွာဖြင့် ယဲ့ဟွိုင်ရွေ့မှာက လက်ညှိုးညွှန်ရာရေဖြစ်စေနိုင်သော ချမ်းသာသည့်အဖေတစ်ယောက်လုံး ရှိနေသည် ။
တံခါးဘဲလ်အား သူနှိပ်လိုက်၏ ။
မကြာခင်မှာပဲ ဖိလစ်ပိုင်လူမျိုး အိမ်အကူဟုထင်ရသော လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်က တံခါးလာဖွင့်ပေးသည် ။
" ဒေါက်တာယဲ့ မဟုတ်လား..."
အမျိုးသမီးက ကျင်းမြို့ဒေသိယစကားမပီတပီဖြင့် သူ့ကိုအိမ်ထဲသို့ဖိတ်ခေါ်လာ၏ ။
" ဆရာက ရှင့်ကိုစာကြည့်ခန်းထဲမှာ စောင့်နေပါတယ်..."
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Misterio / SuspensoCP: ယင်းကျားမင် × ယဲ့ဟွိုင်ရွေ့ Author : လွီကျီကျီ ( 吕吉吉 ) Chapter : 102 + 19 extra I don't own this story. All credits to original owner.