Ch 17 - Night Investigation 02

368 51 0
                                    

《  ကောင်းပြီ... ကိုယ်နားလည်ပါတယ် 》

သောကြာနေ့ ၊ ဂျူလိုင် ၃၀ , ၂၀၂၁ ၊
မနက်၉နာရီ ၃၀မိနစ် ။

ယဲ့ဟွိုင်ရွေ့ သူ့ရုံးခန်းထဲ၌ ထိုင်နေရင်း ဘာကိုအလိုမကျမှန်းမသိ ။

နေ့လည်ဘက်တစ်ချက်အိမ်ကိုပြန်ပြီးမြေအောက်ခန်းက အံဆွဲကိုသွားစစ်ကြည့်သင့်မစစ်ကြည့်သင့်ဗျာများနေ၏ ။

ယမန်နေ့ညက ယဲ့ဟွိုင်ရွေ့ သူသံသယဖြစ်နေသော လုံခြုံရေးမန်နေဂျာ ' သိုက်ကျွင့်ဖုန် ' ၏သေကြောင်းကြံစည်မှူနှင့်ပက်သက်ပြီး ယင်းကျားမင်ကို ဝေမျှခဲ့သည် ။ သူ့ရည်ရွယ်ချက်ကတော့ ယင်းကျားမင်ဘက်က ယုံကြည်ရသည့်သူ့သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းပြီး သိုက်ကျွင့်ဖုန်၏အိမ်ထဲသို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကိုရှာကာ အခင်းဖြစ်ပွားမှုကို ပြန်စစ်ဆေးနိုင်ဖို့ပင် ။ ကျင်းမြို့၏ရဲများ သတိမမူမိသော သံသယဝင်စရာတစ်ခုခုကို ရှာတွေ့နိုင်ဖို့ သူမျှော်လင့်မိသည် ။

သို့သော်လည်း ဤကိစ္စက အနည်းငယ်ခက်ခဲနိုင်သည်ဟု ယင်းကျားမင်ကဆို၏ ။

အကယ်၍ ဒါက သူ့ကိုဖုန်းခေါ်ခဲ့သည့်သူအား စုံစမ်းဖို့ဆိုလျှင် လဲ့လဲ့ကို စာပို့ပြီး တစ်စုံတစ်ယောက်ထံအကူအညီတောင်းခိုင်းလို့ရသေးသည် ။ သို့သော် ဒါက နေရာအထိသွားပြီးစစ်ဆေးရမည်ဖြစ်သည့်အတွက် ထည့်သွင်းစဥ်းစားရမှာတွေများပြီး ပေါ့ပေါ့တန်တန် အကူအညီတောင်းလိုက်လို့မရပေ ။

အတော်အတန်ကြာအောင်စဥ်းစားကြည့်ပြီးနောက် ယင်းကျားမင်အရဲစွန့်ကာ သိုက်ကျွင့်ဖုန်အိမ်သို့ သူ့ဘာသာသွားဖို့ ဆုံးဖြတ်လိုက်သည် ။

သေချာပေါက် ယဲ့ဟွိုင်ရွေ့ကတော့ ဒါကို သဘောမတူနိုင်ပေ ။

ယင်းကျားမင် နောက်ဆုံးဘယ်လိုသေဆုံးသွားခဲ့သလဲဆိုတာ သူမမေ့ပေ ။ သတင်းပေးခံရပြီးနောက်ပိုင်း ရဲတွေက သူ့တည်နေရာကိုရှာတွေ့သွား၍ သေနတ်ပစ်ခံရကာ ပင်လယ်ထဲပြုတ်ကျသွားပြီး အစအနပင်ရှာမရနိုင်တော့ ။

မှုခင်းဆေးပညာရှင်ယဲ့က အမှုကို ပြန်စုံစမ်းလိုသော်လည်း သခင်လေးယင်း စောစီးစွာအသတ်ခံလိုက်ရမည့်အဖြစ်မျိုးကိုတော့ မလိုချင်ပေ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now