Ch 23 - Skeleton 01

238 46 3
                                    

《 မဟုတ်မှလွဲရော မင်းအိုကြီးအိုမတွေနဲ့ ကြိုက်နေတာလား ...》

ဂျူလိုင် ၃၀ရက်နေ့ နှင့် သြဂုတ်လ ၁ရက်နေ့က စနေ ၊ တနင်္ဂနွေရက်သွားကျသည် ။

ပုံမှန်အားဖြင့် ဒီနှစ်ရက်က ယဲ့ဟွိုင်ရွေ့၏ ပိတ်ရက်ဖြစ်သော်လည်း အရိုးစုအမှုကိစ္စနှင့် ပြာစက္ကူကိစ္စကလည်း သူ့ခေါင်းထဲရှိနေသောကြောင့် သူ့မှာ နားနားနေနေလည်းမနေရ ၊ ပိတ်ရက်ကိုလည်း မဖြတ်သန်းရပေ ။

ယနေ့ မိုးရွာမည့်အလားအလာလည်းမရှိသောကြောင့် မှုခင်းဆေးဓါတ်ခွဲခန်းသို့ပြန်ကာ သူ့အချိန်အများစုကို အရိုးစုအားခွဲခြမ်းစိတ်ဖြာကြည့်ဖို့ ဆုံးဖြတ်လိုက်သည် ။

ဖြစ်ရိုးဖြစ်စဥ်အတိုင်းပင် ၊ ရဲဘော်မင်မင်ကတော့ ထိုကဲ့သို့ ပိုက်ဆံလည်းမရဘဲ တာဝန်သိသိအချိန်ပိုဆင်းရတာမျိုးကို သဘောမကျပေ ။

ထို့အပြင်အရိုးစုအကြွင်းအကျန်၌ အချို့အရိုးဟောင်းဒဏ်ရာတစ်ချို့ နှင့် ယိုယွင်းပြောင်းလဲမှုများလည်းရှိသည်ဟု သူတို့ကမှတ်တမ်းတင်ထားသည်။

နောက်တစ်ဆင့်က သန့်ရှင်းရေးလုပ်ရမည့်အဆင့်ပင် ။

အရိုးစုက လုံးဝကို အသားများဆွေးမြေ့သွားပြီဖြစ်သဖြင့် အရိုးစု၏မျက်နှာပြင်က ရှင်းလင်းနေပြီး သန့်ရှင်းရေးလုပ်ရာ၌ ပိုမိုလွယ်ကူစေ၏ ။ သူတို့လုပ်ဖို့လိုတာဆိုလို့ ပိုမိုစစ်ဆေးမှုများပြုလုပ်နိုင်ရန် တင်ကျန်နေသည့် အညစ်အကြေးများကို စုတ်တံဖြင့် သုတ်လိုက်ရုံသာ ။

ဦးခေါင်းခွံ ၊ လက်ရိုး ၊ ခြေရိုးအစရှိသည့် ပို၍သေးငယ်သောအရိုးများအတွက်က သူတို့ သန့်ရှင်းရေးမလုပ်ခင် အရင်ဆုံး အိတ်အပါးတစ်လုံးဖြင့် ခွဲထည့်ထား၏ ။ 

အရင်ဆုံး ချေးချွတ်သန့်စင်ဆေးရည် ပမာဏ ၅ ရာခိုင်နှုန်းနှင့် ပိုးသတ်ဆေးရည်တို့ကို ရောစပ်ကာ အရိုးများကို စိမ်ထားရ၏ ။ နောက်တစ်ရက်နေမှ အရိုးများကို ပြန်လည်ဆယ်ယူကာ ရေဖြင့် စုတ်တံတစ်ချောင်းကိုယူကာ အသာပွတ်တိုက်ရင်း ပြန်သန့်စင်ခြင်းပြုသည် ။  နောက်ဆုံးမှ ထိုအရိုးများကို အခြောက်ခံရန် လေဝင်လေထွက်ကောင်းသောအတွင်းပိုင်းဧရိယာထဲတွင် ထားကာ သန့်ရှင်းသည့်လုပ်ငန်းစဥ်ကို အပြီးသတ်ရ၏ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now