《မင်းသူ့အလောင်းကို ရှာတွေ့ခဲ့တာလား !? 》
" ဒါက အခုနေတော့ သံသယဖြစ်မိတဲ့အဆင့်ပဲရှိပါသေးတယ် ... "
ယဲ့ဟွိုင်ရွေ့က ယင်းကျားမင်ကို ပြောလိုက်သည် ။
" ကျွန်တော်တို့ ပိုတိကျတဲ့ သက်သေအထောက်အထားလိုအပ်သေးတယ်... "
အရိုးစု၏ သေဆုံးချိန် ၊ လိင်အမျိုးအစား ၊ အသက်အရွယ် ၊ အရပ်အမြင့် နှင့် အချို့သောတူညီသည့်အခြေအနေတစ်ချို့ကိုကြည့်ပြီး လူတစ်ဦးတစ်ယောက်နှင့် ကိုက်ညီနေပါသည်ဟု ခန့်မှန်းလို့သော်လည်း မှုခင်းဆေးဆရာဝန်တစ်ယောက်အတွက်က ထိုလူ၏ အထောက်အထားကို အတည်ပြုနိုင်ရန် ပိုတိကျသော သက်သေမျိုး လိုအပ်နေသေး၏ ။
" မင်းသက်သေတွေရှာနိုင်မလား... "
ယင်းကျားမင်လည်း အလွန်စိတ်အိုက်နေရသည် ။
" ကိုယ်ဆိုချင်တာက အဲ့ဒီ အရိုးစုက စီထူယင့်ရှုန်းပါလို့ပြောနိုင်မဲ့ ခိုင်လုံတဲ့သက်သေမျိုးလေ ... "
" အဲ့ဒါက အခုလောလောဆယ် ပြောဖို့ခက်တယ်..."
အဆုံး၌ အလောင်းက မြေကြီးထဲတွင် မြှုပ်နှံခံထားရတာ နှစ်သုံးဆယ်ကျော်နေပြီး ဇီဝဆိုင်ရာသက်သေအထောက်အထားများက သဘာဝပတ်ဝန်းကျင်ကြောင့် တိုက်စားခံရလောက်ချေပြီ ။ ယဲ့ဟွိုင်ရွေ့ ဘာကတိမှ မပေးနိုင်သေးပေ ။
" ဒါပေမဲ့ ကျွန်တော်နည်းလမ်းရှာဖို့ ကြိုးစားမှာပါ... "ယင်းကျားမင်က ဤနယ်ပယ်နှင့်ပက်သက်လို့ ဘာမှမသိချေ ။ သူတို့ခေတ်၌ လူထုကို ဗဟုသုတပေးနိုင်ရန် ရည်ရွယ်သည့် " မှုခင်းစုံစမ်းစစ်ဆေးရေး " နှင့် " မှုခင်းဆေးပိုင်းဆိုင်ရာသူရဲကောင်းများ " အစရှိသည့် တီဗွီအစီစဥ်မျိုးတွေမရှိပေ ။ လူတစ်ယောက်၏ အထောက်အထားကို အတည်ပြုဖို့ဆိုလျှင် သူသိတာက လက်ဗွေနှိပ်တာ နှင့် သွေးအမျိုးအစားလောက်သာ ရှိသည် ။
သခင်လေးယင်းက အားရွေ့၏ အရှေ့၌ ထက်မြက်ပြီး လုပ်နိုင်ကိုင်နိုင်သည့်ပုံမျိုးဖမ်းချင်သဖြင့် အသုံးဝင်နိုင်လောက်မည့်အရာတစ်ခုခုကို ဝေမျှချင်မိ၏ ။ သို့သော်လည်း ဤနယ်ပယ်နှင့် ပက်သတ်လို့ အတွေ့အကြုံမရှိသဖြင့် သူ့ကိုယ်သူခေါင်းခြောက်စေမိရုံမှအပ အကူအညီဖြစ်စေသည့်ဘာအကြံဉာဏ်မှထွက်မလာပေ ။ အဆုံး၌ မလုံမလဲဖြင့်သာ သူပြောလိုက်ရသည် ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)