Ch 27.2 - Skeleton 05

247 41 0
                                    


● Double update for today !
Ch 27.1 ရဲ့အဆက်ပါ ။ တော်တော်များပေမဲ့လို့ ဒီနေ့ဒီအပိုင်းကို အပြီးဖြတ်ချင်လို့ တင်ပေးလိုက်ပါတယ် ။

《 မင်းသူ့အလောင်းကိုရှာတွေ့ခဲ့တာလား !? 》

ဩဂုတ်လ ၅ရက် ၊ ၂၀၂၁ ၊ ကြာသပတေးနေ့
မနက် ၉နာရီ ၄၅မိနစ် ။

ကျင်းမြို့၏ တောင်ပိုင်းအဆင့်မြင့်လူနေအိမ်ရာ၌ ။

" အခန်းနံပါတ် ၄၀၆ "

ရဲအရာရှိဟွမ် နှင့် သူ့လုပ်ဖောက်ကိုင်ဖက်ပါတနာတို့ အခန်း ၄၀၆ ရှေ့၌ရပ်ကာ တံခါးနံပါတ်ကို အတည်ပြုနေ၏ ။
" ဒီတစ်ခုပဲ ! "

သူတို့နောက်၌ ယဲ့ဟွိုင်ရွေ့ နှင့် အိုးယန်ထင်းထင်းလည်း လိုက်ပါလာသည် ။

ရဲအရာရှိဟွမ်က တံခါးဘဲလ်ကိုနှိပ်လိုက်ပြီးမကြာမီ အသက်ငါးဆယ်အရွယ်ဝန်းကျင်လောက်ရှိသော လူလတ်ပိုင်းအမျိုးသမီးက တံခါးလာဖွင့်၏ ။

အဖွဲ့ က သူတို့၏အထောက်အထားကတ်ကို ထုတ်ပြပြီး လူလတ်ပိုင်းအမျိုးသမီးကို ပြောလိုက်သည် ။

" ကျွန်တော်တို့က ခင်ဗျားအမေဆီမှာ စီထူယင့်ရှုန်းနဲ့ပက်သက်ပြီး မေးစရာရှိလို့ပါ ... "

" မစ္စလော့ " ဆိုသူလူလတ်ပိုင်းအမျိုးသမီးက မတတ်သာသလိုလို ၊ ဝမ်းနည်းပြီး စက်ဆုပ်သလိုလို စသဖြင့် ရှုပ်ထွေးသည့်အမှုအရာမျိုးကို ဖော်ပြနေ၏ ။ သူမက တီးတိုးရေရွတ်ရင်း တံခါးဖွင့်ကာ သူတို့လေးယောက်ကို အထဲဝင်ခွင့်ပြုလိုက်သည် ။

အိမ်ရာ၏ အတွင်းပိုင်းအကျယ်အဝန်းက ကျဥ်းမြောင်းပြီး ဧည့်သည်လေးယောက်ပါ ရောက်ချလာသောအခါ ပိုလို့အနေကျပ်သွား၏ ။

" ကျွန်မ အမေကို သွားခေါ်လိုက်အုန်းမယ် ... "

မစ္စလော့က လှည့်ထွက်ကာ အတွင်းပိုင်းအခန်းထဲသို့ ဝင်သွား၏ ။ တစ်ခဏနေသောအခါ သူမက ဖြည်းဖြည်းချင်းပြန်ထွက်လာပြီး အသက်ခုနှစ်ဆယ်အရွယ်လောက်ရှိသည့် အမျိုးသမီးကိုပါ တွဲခေါ်လာသည် ။

" ဒါက ကျွန်မအမေ စီထူသန်းနီပါ... "

မစ္စလော့က လူအိုအမျိုးသမီးကို ဆိုဖာပေါ်တွင် ထိုင်စေလျက် ခေါက်ထိုင်ခုံကိုဆွဲကာ သူမကိုယ်တိုင်လည်း အမေဖြစ်သူ၏ ဘေးတွင် ဝင်ထိုင်ပြီး လေသံမာမာဖြင့်သာ ပြောလာ၏ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now