《 မင်းရဲ့ဘော့စ်ဘယ်နေရာမှာရှိနေလဲဆိုတာ မင်းသိလား ... 》
ယဲ့ဟွိုင်ရွေ့ ယင်းကျားမင်ကို တစ်ခါမေးဖူးသည် ။
" ဘာလို့ခင်ဗျားလဲ ... "တကယ်တမ်းလည်း ယဲ့ဟွိုင်ရွေ့က ' X ' ဟုကုဒ်နာမည်ပေးထားသော ကြိုးကိုင်သူမှာ ရက်စက်စွာဖြင့် ဖြစ်သမျှကိစ္စတိုင်းအတွက် ယင်းကျားမင်အပေါ်ကို အမှုဆင်ခဲ့ပြီး နောက်ဆုံးအစီစဥ်မှလွဲ၍ အားလုံးအောင်မြင်ခဲ့ပုံရ၏။
ယခင်ညများ၌ ယင်းကျားမင်လည်း မေးခွန်းတစ်ခုကို စဥ်းစားမိခဲ့သည် ။
' X ရဲ့အပေါင်းအပါသုံးယောက်ကရော အဲ့ဒီသူက ယင်းကျားမင် မဟုတ်ဘူးဆိုတာ သိရဲ့လား ...'လက်ရှိသဲလွန်စများအရဆိုလျှင် အနည်းဆုံး စီထူယင့်ရှုန်းကို အကြွေးရှင်က ဆိပ်ကမ်းမှာ ချောင်ပိတ်လိုက်ချိန်အထိ Xဘယ်သူလဲဆိုတာ သူမသိသေးပေ။
သနားစရာကောင်းသော ကားမောင်းသမားမှာတော့ သေတဲ့အထိ သူက လှည့်စားအသုံးချခံလိုက်ရသည်ဆိုတာကို မသိသွားပေ ။
ဒါဆို ကျန်တဲ့နှစ်ယောက်ကရော ?
ယင်းကျားမင်ရှိနေသော ၁၉၈၂ ခုနှစ်၌ အင်တာနက် ၊ မိုဘိုင်ဖုန်းတို့ဆိုတာလည်းမရှိသလို လူမှုကွန်ရက်ဆိုတာမျိုးတွေလည်းမရှိပေ ။ ဓါတ်ပုံရိုက်ရာတွင် ဖလင်ကိုအသုံးပြုရပြီး အလုပ်လျှောက်ရာ၌လည်း ကိုယ်အပေါ်ပိုင်းနှစ်လက်မပတ်လည် အဖြူအမဲဓါတ်ပုံကိုသာ အသုံးပြုရသည် ။ မှတ်တမ်းတင်သည့်စနစ်ပါသော စောင့်ကြည့်ကင်မရာများဆိုတာကလည်း ကုမ္ပဏီကြီးများ နှင့် စတိုးဆိုင်ကြီးများလောက်သာ တတ်နိုင်၏ ။ မကြာခဏ ဓါတ်ပုံအရိုက်ခံနေရသော အနုပညာရှင်များနှင့် တိုင်းသိပြည်သိများမှလွဲ၍ တစ်စုံတစ်ယောက်က ဘယ်လိုပုံရှိသလဲဆိုတာ သိရဖို့ မလွယ်ပေ ။
သို့သော် တစ်ခြားတစ်ဖက်မှ စဥ်းစားကြည့်ပြန်တော့လည်း လူတစ်ယောက်မှ နာမည်ကတ် ( business card ) လာပေးပြီး ဒီလူပဲဆိုတာသေချာနေတာတောင် သတိရှိသောသူက အစစ်ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်နိုင်လောက်သည် ။ အနည်းဆုံးတော့ ယင်းကျားမင်လည်း သူသာဆိုလျှင် ထိုမျှလောက်အယုံလွယ်မိမှာ မဟုတ်ဘူးဟု တွေးမိမှာပင် ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)