Ch 3 - Villa 01

212 32 1
                                    

《 ရှေးဟောင်းဗီရို၏အတွင်းရှိစက်ယန္တရားတစ်ခု 》

ဂျူလိုင် ၁၈ ၊ တနင်္ဂနွေနေ့  ။

ယနေ့က ယဲ့ဟွိုင်ရွေ့ သူ့အိမ်အသစ်သို့ ပြောင်းရွှေ့သော နေ့ပင် ။

အဆုံး၌ ထိုပင်လယ်ဘက်ဗီလာကို သူဝယ်ဖြစ်သွားသည် ။

ထိုအချိန်တုန်းက ယင်းကျားမင်ကို ဖမ်းဆီးသည့် ကျင်းမြို့ရဲဌာန၏ စစ်ဆင်ရေးက အတော်လေးလျှိုဝှက်ပိရိမှုရှိ၏ ။ ထိုသူကို သူတို့ရှာတွေ့ခဲ့သော ဗီလာဧရိယာက လူအရောက်အပေါက်နည်းပါးသောကြောင့် မျက်မြင်သက်သေဆိုတာလည်း မရှိပေ ။ ရဲဌာနက ယင်းကျားမင်း ပစ်ခတ်ခံရပြီး ပင်လယ်ထဲပြုတ်ကျသွားပြီဟုသာ ကြေညာခဲ့သောကြောင့် လူထုအဖို့ တည်နေရာအတိအကျကို သိဖို့ဆိုတာကလည်း ဖြစ်နိုင်ဖွယ်မရှိ ။

ယင်းကျားမင် ပစ်ခတ်ခံရသည့် ဇာတ်ဝင်ခန်းပါဝင်သော The Great Heist of Jin City ထဲ၌ပင် အမှုကို နက်နဲစွာနားလည်ထားပုံရသည့် ဒါရိုက်တာကျောက်က အနည်းအကျဥ်းကိုးကားချက်ဖြင့်သာ ဖော်ပြထားပြီး တကယ့်တည်နေရာအမှန်၌ ရိုက်ကူးထားခြင်းမရှိပေ ။

အမှုဖိုင်တွဲများကို ဖတ်တုန်းက ထိုမျှလောက် လေးလံသည့်စိတ်ခံစားမှုကို မခံစားရသော်လည်း ယဲ့ဟွိုင်ရွေ့တစ်ယောက် ထိုအိမ်ကို ကိုယ်တိုင်ကိုယ်ကျလာရောက်ရသောအခါ ဤနေရာက ဘယ်လောက် လူခေါင်သလဲဆိုတာကို သူနားလည်သွား၏ ။

မြေကွက်များရှားပါးပြီး စျေးကြီးသော ကျန်းမြို့ထဲ၌ တည်ရှိနေတာတောင် ဤကမ်းပါးဧရိယာက အလွန်လူပြတ်သဖြင့် ဘတ်စ်ကားလည်း ရောက်မည်မဟုတ်သလို ကိုယ်ပိုင်ကားသာမရှိလျှင် အဆင်းအတက်လုပ်ဖို့တောင် လွယ်မှာမဟုတ်ပေ ။

ထိုအချိန်က ဤဗီလာဧရိယာကို လူကုံထံအသိုင်းအဝိုင်း၏ နေထိုင်ရာဇုန်အဖြစ် ဆောက်လုပ်ရေးပိုင်ရှင်များက နေရာချထားတာ ဖြစ်သည် ။အဆောက်အဦများက ပေါ်တူဂီစတိုင် ဥရောပဒီဇိုင်းများဖြင့် ကမ်းပါးများပေါ်တွင် တည်ဆောက်ထားကြပြီး မျက်စိပဒါသလည်းဖြစ်သလို သီးသန်ဆန့်ပေ၏ ။ ဗီလာ၏ မျက်နှာစာတစ်ဖက်ကိုတော့ ပင်လယ်ဘက်သို့ မျက်နှာမူထားပြီး တစ်ဖက်၌ ကိုယ်ပိုင်ဥယျာဥ်ရှိကာ အဆောက်အဦတစ်ခု နှင့် တစ်ခုအနည်းဆုံးတောင် မီတာငါးဆယ်မျှကွာဝေးသည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now