Ch 2 - Movie 02

193 27 2
                                    

《 Scapegoat ဖြစ်နိုင်ခြေ 》

ရုပ်ရှင်ရုံထဲမှ ထွက်လာပြီးနောက် ယဲ့ဟွိုင်ရွေ့တစ်ယောက် သူကြည့်ခဲ့ရသော ရုပ်ရှင်၏ ဇာတ်ကွက်နှင့်ပက်သက်လို့ အချိန်ယူစဥ်းစားနေမိသည် ။

ရုပ်ရှင်၏ ဇာတ်သိမ်းက အလွန်စိတ်ဝင်စားဖို့ကောင်းနေသောကြောင့် ထိုဇာတ်ကွက်မှာ အမှု၏အတွင်းသတင်းကိုပါ သိထားသော လူတစ်ယောက်၏ စိတ်ကူးစိတ်သန်းဖြစ်ပုံရ၏ ။

၎င်းက အပြီးတိုင်မဖြေရှင်းနိုင်သေးသော အမှုနှင့်ပက်သက်ပြီး နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကို ပေးလိုက်နိုင်သည် ။ ရုပ်ရှင်ထဲရှိ မသင်္ကာဖွယ်ကောင်းသည့်သူက ယင်းကျားမင်မဟုတ်ဘဲ သူ့အထောက်အထားကို ခိုးပြီး ဘဏ်ဖောက်လူသတ်ကာ သူ့အပေါ် အပြစ်ဖို့သွားခြင်းပင် ။

သေချာတာက သာမန်လူများ၏ အမြင်တွင် The Great Heist of Jin City ကသာမန်အနုပညာတင်ဆက်မှုသာ ဖြစ်ပြီး ကြည့်ရသည်မှာ ဇာတ်ညွှန်းရေးဆရာက ဇာတ်လမ်းထွင်ထားသော်လည်း ယုတ္တိတန်အောင် မူလဇာတ်ကွက်နှင့်ဆက်စပ်ပေးထားပုံရ၏ ။ ထိုဇာတ်ကွက်မျိုးကို အသုံးချကာ လွန်ခဲ့သော သုံးဆယ့်ကိုးနှစ်မှ တရားခံကို အပြစ်ကင်းသည့်ပုံစံဖြင့် နောက်ကြောင်းပြန်သက်ရောက်မှုရှိစေခဲ့သည် ။

သို့သော်လည်း ထိုနှစ်က အမှုတွဲဖိုင်များကို ဂရုတစိုက်လေ့လာခဲ့သော မှုခင်းဆေးပညာရှင်တစ်ယောက်အနေဖြင့် ယဲ့ဟွိုင်ရွေ့တစ်ယောက် ထိုရုပ်ရှင်ကိုကြည့်ပြီး တကယ့်အမှုကို ထိုရုပ်ရှင်ဇာတ်ကွက်ထဲထည့်သွင်းကာ ဖြစ်နိုင်ချေကို ထည့်တွေးနေမိသည် ။

သူအိမ်ပြန်ရောက်ဖို့ အလျင်လိုမနေတာကြောင့် "Cha Chaan Teng" ဆိုင်သို့ဝင်ဖို့ ဆုံးဖြတ်လိုက်သည် ။ သူက ဝက်သားစတိတ် ၊ ကြက်ဥထမင်း နှင့် ယွမ်ယန်လက်ဖက်ရည်အေးကို မှာကာ သူ့ညစာကို ဒီမှာပဲစားဖို့ စီစဥ်လိုက်၏ ။

သူ့မီနူးလာချမှာကို စောင့်နေချိန်တွင် " scapegoat" ဖြစ်နိုင်ချေဇာတ်ကွက်ကို စဥ်းစားနေမိသည် ။

( Scapegoat- သူများလုပ်ထားတဲ့အပြစ်ကို ကိုယ်ကကြားက အချောင်ခံလိုက်ရတာမျိုး )

တက္ကသိုလ်တစ်လျှောက် ပညာသင်ဆုအပြည့်ရခဲ့သော ထိပ်တန်းကျောင်းသားတစ်ယောက်အနေဖြင့် ယဲ့ဟွိုင်ရွေ့က အလွန်ဉာဏ်ပြေးရုံသာမက ကောင်းမွန်သော မှတ်ဉာဏ်လည်း ရှိသည် ။ သူ့မှာ မျက်စိနှင့် တစ်ခါကြည့်လိုက်ရုံဖြင့် ပုံသေကားချပ်မှတ်နိုင်သော မှတ်ဉာဏ်မျိုးမရှိသော်လည်း သူသေချာဖတ်ခဲ့သော အချက်အလက်များ၏ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို အသေးစိတ်ပြန်စဥ်းစားနိုင်၏။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now