Synopsis

2K 119 5
                                    

အချိန်ကား ၁၉၈၂ ခုနှစ် ၊

ကျင်းမြို့၌ အမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာကို သေဆုံးစေခဲ့သည် ။ ကြံရာပါများက ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အဓိကတရားခံ ယင်းကျားမင်ကမူ ပစ်ခတ်ခံရပြီး ပင်လယ်ထဲပြုတ်ကျသွား၏ ။

၃၉ နှစ်ကြာပြီးနောက် ဤအမှုကို ပြန်လည်မှီငြမ်းထားသည့် " The Great Heist of Jin City " အမည်ရ ဖြစ်ရပ်မှန်ရုပ်ရှင်က လက်မှတ်ရောင်းချရမှုမြင့်နေပြီး မှုခင်းဆေးပညာရှင် ယဲ့ဟွိုင်ရွေ့၏ အာရုံကို ဖမ်းစားနိုင်လိုက်သည် ။

တစ်လကြာပြီးနောက် ယဲ့ဟွိုင်ရွေ့က ဗီလာဟောင်းတစ်ခုကို ပြောင်းရွှေ့သွားပြီး ၎င်းက ယင်းကျားမင်း​နေထိုင်သွားခဲ့ဖူးတဲ့ ဗီလာဖြစ်နေမှန်း သိလိုက်ရ၏ ။

....

ညသန်းခေါင်ယံချိန် မိုးသက်မုန်တိုင်းကျဆင်းပြီးနောက် ယဲ့ဟွိုင်ရွေ့တစ်ယောက် သူ့စားပွဲခုံပေါ်မှာ စာတစ်ကြောင်းရေးထားတာကို တွေ့လိုက်ရတယ် ။
' မင်းက ဘယ်သူလဲ !!! '

ဤနေရာက သရဲခြောက်တာလားဟုပင် ယဲ့ဟွိုင်ရွေ့တွေးလိုက်မိသေးသည် ။

သူစာပြန်လိုက်ပါ၏ ။
' ခင်ဗျားက သရဲလား ဒါမှမဟုတ် လူသတ်သမားလား...'

စားပွဲခုံပေါ်ရှိ စာကြောင်းက ဤသို့ပြောင်းသွား၏ ။
' ငါက သရဲလည်း မဟုတ်သလို လူသတ်သမားလည်း မဟုတ်ဘူး...ငါဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးကွ..'

ယဲ့ဟွိုင်ရွေ့ : "...."

၃၉နှစ် အချိန်ကွာဟမှုရှိနေသည့် လူနှစ်ယောက်က ထိုအချိန်ကာလကွာဟချက်ကိုဖြတ်ကျော်ကာ အိမ်ဟောင်းတစ်လုံးထဲတွင် ဆက်သွယ်မှုရှိသွား၏ ။

ယင်းမှ အစပြုကာ အချိန်ကာလကိုကျော်လွန်၍ အမှုကိုဆက်လက်စုံစမ်းဖို့ ဖြစ်လာတော့သည် ။

" ယင်းကျားမင်မှားနေပြီ...တကယ့်လက်သည်အစစ်က အခုထိ ကြီးစိုးနေတုန်းပဲ..."

လာမည့် အနာဂတ်ကာလ ၃၉နှစ်ရှိ ပါရမီရှင်မှုခင်းဆေးပညာ ရောဂါဗဒေပညာရှင်၏ အကူအညီဖြင့် ယင်းကျားမင်းတစ်ယောက် သူ့အပြစ်ကင်းစင်မှုကို သက်သေပြကာ ကြမ္မာဆိုးကို ပြန်လည်ပြုပြင်နိုင်ပါ့မလား...

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now