Ch 40 - Self Hanging 03

187 34 1
                                    

《 ခြေအိတ်အတွင်းရှိ ချို့ယွင်းချက် 》

ဓာတ်လှေကား၏အပြင်ဘက်၌ ရပ်နေသော လူငယ်အမျိုးသားက သုံးဆယ်ဝင်ခါစအရွယ်ဖြစ်ပြီး ထောင်ထောင်မောင်းမောင်း သန်သန်မာမာ ဖြစ်သည်။

သူက နိုက်ထရိုဂျင်အရည်ပုလင်းကို လက်တစ်ဖက်က ကိုင်ထားပြီး နောက်လက်တစ်ဖက်က သွေးနမူနာထည့်ထားသော ဂျက်ဖာများကို ကိုင်ထား၏ ။ထိုသူ၏ လှုပ်ရှားမှုနှင့် ဟန်ပန်တို့က အလွန်ပေါ့ပေါ့ပါးပါးရှိလှပြီး ပစ္စည်းများကိုင်ထားရတာတောင် လေးလံသည့်ပုံတစ်စက်မှ မပေါက်ပေ ။

" ဟေး... ရှောင်ဝမ်း "

ယဲ့ဟွိုင်ရွေ့ဘေးတွင်ရှိနေသော ကျန်းမင်မင်က ထိုသူကို နှုတ်ဆက်လိုက်သည် ။

" နမူနာတွေ လာပို့တာလား ? "

ဓါတ်လှေကားထဲ အသစ်ဝင်ရောက်လာသူက ဓါတ်ခွဲခန်း၏ အလောင်းပြင်သမား' ဝမ်း' ပင် ။

အလောင်းပြင်သမားဝမ်းက ဓါတ်လှေကားထွက်ပေါက်အတွက် ဘေးကပ်ရပ်ပေးကာ အပြုံးဖြင့် ပြန်ဖြေလိုက်သည် ။

" မေဟွားလမ်းက အလောင်းကို လူသေရုံကို ပို့ထားပြီးပါပြီ ... "

" အိုး.. အဆင်ပြေတာပေါ့... ကျေးဇူးပဲကွာ ... "

ဓါတ်လှေကားထဲတွင် အရင်ရှိနေသောသူများအားလုံးထွက်လာကာ အလောင်းပြင်သမားဝမ်းကို ဖြတ်သွား၏ ။ ကျန်းမင်မင်က ထပ်ပြောလိုက်သည်။

" အချိန်ပိုဆင်းပေးတဲ့အတွက်လည်း ကျေးဇူးပဲ..."

အလောင်းပြင်သမားဝမ်းက အပြုံးဖြင့်ပင် ပြောလာ၏ ။

" ခင်ဗျားတို့လည်း အလုပ်ကြိုးစားတာပါပဲ ..."

ထို့နောက် ဝမ်းက လေးလံသော နိုက်ထရိုဂျင်အရည်ပုလင်း နှင့် နမူနာဂျက်ဖာများကို ဓါတ်လှေကားထဲသို့ သယ်သွား၏ ။

ဓါတ်လှေကား တံခါးက တဖြည်းဖြည်း ပိတ်သွားသည် ။

အလုံးစုံ ပိတ်မသွားခင် အလောင်းပြင်သမားဝမ်းက ထိုအုပ်စု၏နောက်ကျောကို တစ်ခါပြန်ကြည့်နေပြီး သူ့အပြုံးက ပျောက်ကွယ်သွားကာ အေးစက်သောအကြည့်တို့က အစားထိုးနေရာယူသွား၏ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now