《 မင်းဘယ်သူလဲ 》ယဲ့ဟွိုင်ရွေ့ သူအသစ်ပြောင်းလာတဲ့အိမ်မှာ လျှို့ဝှက်ခန်းတစ်ခန်းကို ရှာတွေ့လိမ့်မည်ဟု စဥ်းတောင်မစဥ်းစားမိပေ ။ ဤနေရာလွတ်က အိမ်ဆောက်ဗိသုကာဒီဇိုင်းထဲ၌လည်း ပါဝင်ခြင်းမရှိသလို အိမ်ခြံမြေအကျိုးဆောင်ရော အိမ်အလှဆင်အဖွဲ့ပါ ဒါကိုရှာမတွေ့မိကြ ။
ယဲ့ဟွိုင်ရွေ့ တံတွေးမြိုချလိုက်မိလျက် ။
သူ့နှလုံးခုန်သံက မြန်နေတာကိုလည်း သူခံစားမိ၏။
အကယ်၍ သူ့နေရာမှာ တစ်ခြားတစ်ယောက်သာဆိုလျှင် ဖုန်းကောက်ကိုင်ပြီး 999 သို့ခေါ်ကာ ရဲကိုဆက်သွယ်နေလောက်သည် ။သို့သော် ယဲ့ဟွိုင်ရွေ့ ရှင်းမပြနိုင်လောက်သော ခံစားချက်မျိုးကို ရနေ၏ ။ ထူးဆန်းသော အသိအာရုံမျိုးပေးသည့် တစ်စုံတစ်ယောက် သို့မဟုတ် အားအင်တစ်မျိုးမျိုးက ဤအခန်းကို ရှာဖွေကို သူ့ကို ဆွဲဆောင်လျက်ရှိသည် ။
သရဲတစ္ဆေများကို အယုံအကြည်မရှိသည့် ယဲ့ဟွိုင်ရွေ့တစ်ယောက် ကျောရိုးတစ်လျှောက်ကြက်သီးမွေးညင်းထလာတာကို ခံစားနေမိသည် ။ ထိုလျှို့ဝှက်ခန်းကို မြင်လိုက်ရသည့်တစ်ခဏ ထိတ်လန့်ကြောက်ရွံ့ခြင်း ၊ စူးစမ်းလိုစိတ် နှင့် ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားသည့် ခံစားချက်မျိုးစုံတို့က ရောထွေးလျက်သား ။
သူအသက်ဝဝရှူလိုက်ပြီး ဖုန်းဖလက်ရှ်မီးကိုဖွင့်ကာ ထိုမှောင်မည်းနေသော ဝင်ပေါက်မှတစ်ဆင့် ကိုယ်ကိုကိုင်းလျက် ဝင်ရောက်သွား၏ ။
ထိုတံခါး၏ အနောက်၌ အောက်ဘက်သို့ ဦးတည်နေသော လှေကားတစ်ခုရှိသည် ။ ယဲ့ဟွိုင်ရွေ့ လှေကားအထစ်များကို ရေတွက်နေရင်း အောက်သို့ ဂရုတစိုက်ဆင်းသွား၏ ။ စုစုပေါင်း လှေကားထစ် ဆယ့်သုံးထစ်ရှိပြီး အလွှာတစ်လွှာမျှမြင့်နိုင်သည်။
လှေကားထစ်ဆယ့်သုံးထစ်မျှ ဆင်းလာပြီးနောက် ယဲ့ဟွိုင်ရွေ့ သူ့ခြေထောက်များ မြေပြင်နှင့်ထိကပ်နေသလားဆိုတာ အတည်ပြုလိုက်သည် ။ ထို့နောက် သူ့ဖုန်းမှ မီးအလင်းကိုမြှောက်ကာ ပတ်ပတ်လည်သို့ အလင်းပေးလိုက်၏ ။ မြေအောက်ခန်းက သိပ်မကျယ်ပေ ။ ပျမ်းမျှ တစ်ဆယ်စတုရန်းမီတာကျော်ကျော်မျှသာရှိပြီး တစ်ချက်ကြည့်ရုံဖြင့် အဆုံးသတ်ကို မြင်နိုင်၏ ။ အထဲ၌ ပစ္စည်းတစ်ချို့ရှိနေသည် ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / ThrillerCP: ယင်းကျားမင် × ယဲ့ဟွိုင်ရွေ့ Author : လွီကျီကျီ ( 吕吉吉 ) Chapter : 102 + 19 extra I don't own this story. All credits to original owner.