Ch 16 - Night Investigation 01

158 22 1
                                    

《 ကိုယ်အမှုဆင်ခံရတာပဲ 》

ယင်းကျားမင် ခေါင်းရှုပ်သွား၏ ။

" မင်းမနေ့ကလည်း ကိုယ့်ကိုဒီမေးခွန်းမေးပြီးသွားပြီမလား..."

" ဟုတ်တယ်လေ "

ယဲ့ဟွိုင်ရွေ့ကပြောလိုက်သည် ။

" အခုပြန်ပြီး သုံးသပ်ကြည့်ရအောင်..."

ယင်းကျားမင် ဤအင်တာနက်သုံးဗန်းစကားတွေကို နားမလည်ပေ ။ သို့သော် သူက အကြောင်းအရာနှင့်ဆက်စပ်ပြီး အလျင်အမြန်စဥ်းစားကြည့်လိုက်သည်။

" ကောင်းပြီ...ဆက်ပြောလေ...ကိုယ်နားထောင်နေတယ်..."

" ယင်းကျားမင် "
ယဲ့ဟွိုင်ရွေ့၏ အသံအနေအထားက အလေးအနက်ဖြစ်လာ၏ ။
" ရဲတွေက ခင်ဗျားကိုဘာလို့ ဘဏ်ဓါးပြမှုရဲ့ အဓိကသံသယရှိသူအဖြစ်ယူဆထားလဲဆိုတာ ခင်ဗျားတွေးကြည့်မိလား..."

ယဲ့ဟွိုင်ရွေ့၏မေးခွန်းကြောင့် ယင်းကျားမင် မှင်သက်သွားလျက် ။ နောင်လာမည့်သုံးဆယ့်ကိုးနှစ်ကဲ့သို့ လူတွေက အချက်အလက်များကို အင်တာနက်ပေါ်တွင် အလွယ်တကူရှာလို့ရတာမျိုးမဟုတ်ဘဲ ထိုအချိန်တုန်းက လူတွေအဖို့ သတင်းများကို သိရဖို့အတွက်  တီဗွီရုပ်သံလိုင်းများကပင် အကန့်အသတ်ရှိ၏ ။ တီဗွီသတင်းအပြင် အခြားသောရင်းမြစ်များက သတင်းစာ ၊ မဂ္ဂဇင်းနှင့် အပတ်စဥ်စာစောင်များသာ ရှိသည် ။

လက်ရှိတွင် သံသယရှိသူက ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သောကြောင့် ရဲဌာနဘက်ကလည်း မျက်မြင်သက်သေကို ကာကွယ်ပေးရန် ထိုမျက်မြင်သက်သေ၏အထောက်ထား နှင့် သူတ်ို့၏ ထွက်ဆိုချက်များကို ထုတ်ဖော်မကြေညာနိုင်သေးပေ ။

ကျင်းမြို့ပြည်သူများအတွက်က သံသယရှိသူမှာ ယင်းကျားမင်ဖြစ်ပြီး ထိုသူအကြောင်းသတင်းက ယွမ်ငါးသောင်းတန်သည်ဟုသိထားလျှင် လုံလောက်ပြီဖြစ်သည် ။

_ ဘာလို့ သူမှလာဖြစ်နေပြီး တစ်ခြားသူဟုတ်မနေတာလဲ...

ယင်းကျားမင်လည်း ဤမေးခွန်းကို သေချာတွေးမိနေ၏ ။

အစတုန်းကတော့ သူ့အဖေက စီးပွားရေးလောကတွင် တစ်စုံတစ်ယောက်နှင့်ငြိလာပြီး ထို့နောက် တစ်ယောက်ယောက်က ဤအခွင့်အရေးကို အသုံးချကာ သတိပေးရန်အတွက် သူ့ကိုသင်ခန်းစာပေးလိုက်ရုံသာဖြစ်မည်ဟု သူတွေးမိသည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now