Ch 11 - Forensic Examination 01

56 12 1
                                    

《 သေဆုံးရသည့်ဖြစ်စဥ်ကို မသိရသော ရုပ်အလောင်း 》

တဖြည်းဖြည်းနှင့် အမှုကို လေ့လာကြည့်ပြီးနောက် ၎င်းက အလွန်တစ်မူထူးခြားနေတာ ယဲ့ဟွိုင်ရွေ့သိလိုက်ရသည် ။

သေဆုံးသူ၏အမည်က ဝမ်ရှောင်းဝူဖြစ်ပြီး အသက်ဆယ့်လေးနှစ် ၊ မြို့အနောက်ပိုင်းမှ ဒုတိယနှစ်အလယ်တန်းကျောင်းသားဖြစ်၏ ။

ဤကလေးက စာလေ့လာရာမှာမတော်သလို သူ့အဖေကလည်း သူ့ကို သိပ်ဂရုတစိုက်မရှိပေ ။ သူက အမြဲတမ်း အတန်းလစ်ပြီး ကလေကချေဆိုးသွမ်းသောလူငယ်တစ်ချို့နှင့်လည်းသိကာ သူ၏နေ့ရက်များကို ပြဿနာရှာလိုက် ၊ ဒုက္ခပေးလိုက်ဖြင့်သာ ဖြတ်သန်းနေ၏ ။

တိုတိုပြောရလျှင်တော့ ဝမ်ရှောင်းဝူက တေလေဂျပိုးတစ်ယောက် ။

မနေ့ညက ဝမ်ရှောင်းဝူ နှင့်အတူ ဘော်ဒါနှစ်ယောက် အင်တာနက်ကဖေးသို့ ဂိမ်းကစားရန်ထွက်ခဲ့ကြသည် ။ သူတို့မနက် ၄နာရီအထိ ကစားခဲ့ပြီးနောက် သုံးယောက်သား ဗိုက်ဆာဆာနှင့်ထွက်လာကာ အဆာပြေတစ်ခုခုသွားစားဖို့ စီစဥ်လိုက်၏ ။

သူတို့ တစ်ခုခုသွားစားတော့မည်ဆိုမှတော့ ပိုက်ဆံကလိုလာပြီဖြစ်သည် ။

တေလေဂျပိုးလေးသုံးယောက်က ပိုက်ဆံကလည်းပြတ်နေပြီဖြစ်တာကြောင့် တစ်ဦးတည်းဖြတ်သွားဖြတ်လာတွေကို ပစ်မှတ်ထားကာ ထိုသူတို့ဆီမှ ပိုက်ဆံနှိုက်ဖို့ ရည်ရွယ်လိုက်သည် ။

သူတို့ ပစ်မှတ်ဖြစ်သွားသော သူ၏အမည်က ပန့်ကျုံးဖြစ်ပြီး 'Siam' မှအလုပ်သမားတစ်ယောက် ၊ ဘားတွင် အလုပ်လုပ်နေရသူဖြစ်ပြီး သွားရှုပ်ဖို့မသင့်သောသူမျိုးပင် ။

သူ့ကို လူသုံးယောက်က လမ်းကြားထောင့်တွင်ပိတ်ထားပြီး ခေါင်းဆောင်ဖြစ်သူဟုထင်ရသောသူက ဓါးထုတ်လိုက်တာကို တွေ့ရသောအခါ ပန့်ကျုံးက သူ့ဂျက်ကတ်ထဲမှ ပစ္စတိုကို ထုတ်ကာ သူတို့ကို ပစ်လိုက်သည် ။

" ဘန်း " ဟူသော အသံထွက်ပေါ်လာချိန်၌ လူငယ်လေးသုံးယောက်မှာ လိပ်ပြာလွင့်မတက်ကြောက်လန့်သွား၏ ။

သူတို့ထဲမှ အသက်ပိုကြီးသောနှစ်ယောက်က လှည့်ထွက်ပြေးသွားချိန်တွင် ဝမ်ရှောင်းဝူကတော့ အော်ဟစ်ပြီး အယိုင်ယိုင်အနဲ့နဲ့ လဲကျသွားသည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now