《 လူသတ်သမားက သူ့ကိုသတ်ဖို့ မစောင့်နိုင်တော့တာပဲ ... 》
" မင်းဘာကိုဆိုလိုချင်တာလဲ ? "
ယင်းကျားမင်ကမေးလာ၏ ။
" မင်းပြောတဲ့ ဝိရောဓိဖြစ်စေတယ်ဆိုတာက ...? "
" အားဟူက နေ့ခင်းကြောင်တောင်အသတ်ခံလိုက်ရတာလေ ... "
ယဲ့ဟွိုင်ရွေ့ကပြောလာ၏ ။
" ဒါပေမဲ့ ကျွန်တော် ယုံကြည်တာက ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင် လူအနည်းငယ်လောက်ကသာ နေ့ခင်းဘက်ကြီး လူသတ်မှုကျူးလွန်ဖို့ကို ရွေးချယ်ကြမှာ ..."
ယင်းကျားမင် : " !! "
သူ သဘောပေါက်သွား၏ ။
ဟုတ်တယ် .. ဒါက တကယ်ကို အဓိပ္ပာယ်မရှိတာပဲ !
မြေအောက်လောက,က လက်မရွံ့တဲ့ကောင်တွေတောင် တစ်ခုခုလုပ်တော့မယ်ဆို အခြေအနေကိုတော့ ကြိုတွက်ကျသေးတာပဲ...ထိုသို့မဟုတ်ပါက " ညဥ့်နက်ပြီး လေတဖြူးဖြူးတိုက်ခတ်နေချိန်က လူသတ်မှု နဲ့ မီးရှို့မှုတွေအတွက် အကောင်းဆုံးအချိန်ပဲ " ဟူသည့် စကားတောင် ပေါ်ထွက်လာမှာ မဟုတ်ပေ ။
ညအမှောင်၏ဖုံးကွယ်မှုက ရာဇဝတ်ကောင်များအတွက် အလွန်အရေးကြီး၏ ။ ၎င်းက မျက်မြင်သက်သေရှိလာနိုင်မှုအခြေအနေကို လျှော့ချပေးပြီး အလွယ်တကူထွက်ပြေးလွတ်မြောက်နိုင်ကာ ရဲများထံမှ အဖမ်းခံရနိုင်ချေလည်း နည်းသည် ။
နယ်မြေလုခြင်း နှင့် တစ်ခြားသောအရာများကြောင့် မြေအောက်လောကတွင် နေ့ခင်းကြောင်တောင် အများပြည်သူပိုင်နေရာ၌ သတ်ဖြတ်မှုများဖြစ်ပွားတတ်သော်လည်း ထိုဖြစ်စဥ်များက ပြိုင်ဘက်ကို ခြိမ်းခြောက်ရန် သို့မဟုတ် ရဲများကြားဝင်လာစေရန် တမင်လူထု၏အာရုံကို ဆွဲဆောင်ခြင်းသာဖြစ်၏ ။ အားဟူ၏ သေဆုံးမှုကတော့ ဤဖြစ်နိုင်ချေများနှင့် နည်းနည်းမှဆက်စပ်မှုမရှိတာ ရှင်းလင်းသည် ။
" ဟုတ်တယ် ... အချိန် နဲ့ နေရာတွေက ဝိရောဓိဖြစ်စရာကောင်းတယ်လို့ မင်းပြောတာ အံ့ဩစရာမရှိတော့ပါဘူး ... "
ယင်းကျားမင်က အဓိကအချက်ကို အမြန်ဖမ်းဆုပ်နိုင်လိုက်၏ ။
" အားဟူက ပုန်းလျှိုးကွယ်လျှိုး လူပြတ်တဲ့လမ်းကြားမှာ သေသွားတာ... ရဲတွေက ဘာမျက်မြင်သေမှ ရှာမတွေ့ခဲ့ဘူးဆိုတော့ ဒါက တမင်တကာ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ ရာဇဝတ်မှုဖြစ်ဖို့များတယ် ... အဲ့ဒါက အားဟူကို တရားသေပစ်မှတ်ထားခဲ့တာပဲ...! "
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)