Ch 9 - Director 02

69 11 5
                                    

•Double update for tdy !!!

《 မင်းကို အားရွေ့လို့ ခေါ်မယ်ဆိုရင်ရော 》

ယဲ့ဟွိုင်ရွေ့တစ်ယောက် ကျောက်ချွေ့ဟွာ၏ အိမ်မှ ထွက်လာပြီးနောက် ညဆယ်နာရီနီးပါးပင် ရှိနေပြီဖြစ်သည် ။

သူတစ်နာရီလောက် မောင်းနှင်ခဲ့ရပြီး ညဆယ့်တစ်နာရီလောက် အိမ်ပြန်ရောက်လာ၏ ။

အဝေးမှ တဖန် မိုးခြိမ်းသံကထွက်ပေါ်လာပြန်၏။

လေထုဖိအားကအရမ်းနည်းနေပြီး မိုးတိမ်များက ကောင်းကင်အပြည့်အုံ့မှိုင်းနေလျက် ။မိုးရွာတော့မည်ဆိုတာ ယဲ့ဟွိုင်ရွေ့သိလိုက်သည် ။

သူကားကို ခြံဝန်းထံ၌ ပါကင်ထိုးကာ လော့ခ်ချလိုက်ပြီးနောက် ပန်းခြံ၏ ကြီးမားသော သံပန်းတံခါးဂိတ်ကိုသွားလိုက်သည် ။ ထိုအချိန်မှာပဲ မိုးပေါက်များကျလာပြီး ချက်ချင်းဆိုသလို မိုးကတဝေါဝေါရွာချလာတော့သည် ။

ယဲ့ဟွိုင်ရွေ့ အိမ်ထဲသို့ ခပ်သွက်သွက်ဝင်သွားပြီး ထိုတခဏအတွင်းမှာပဲ သူ့ပုခုံးနှစ်ဖက်စလုံး စိုရွှဲကုန်၏။

ဂျိန်း !

ညအမှောင်ယံတွင် နဂါးတစ်ကောင်ဝဲတက်နေသလို လျှပ်စီးများလက်နေပြီး မိုးကြိုးသံကလည်း နားကျိန်းလောက်စေ၏ ။

ယဲ့ဟွိုင်ရွေ့ သက်ပျင်းချကာ မီးဖွင့်ရန် ခလုတ်နှိပ်လိုက်သည် ။

တုံ့ပြန်မှုမရှိ ..

ယဲ့ဟွိုင်ရွေ့ : " !! "

ယခုလို မိုးသည်းသည်းမဲမဲရွာပြီး လျှပ်စီးတွေလက် ၊ မိုးကြိုးတွေပစ်နေချိန်တွင် လျှပ်စစ်ဓါတ်အားကပါ ပြတ်တောက်သွား၏ ။

ရွေးချယ်စရာမရှိတော့ဘဲ ယဲ့ဟွိုင်ရွေ့ သူ့ဖုန်းကိုသာထုတ်ပြီး ဖလက်ရှ်မီးအလင်းကိုသာ ဖွင့်လိုက်ရသည်။

ပုံမှန်အားဖြင့် ယခုလိုအချိန်မျိုးတွင် ယဲ့ဟွိုင်ရွေ့ အပေါ်ထပ်တက်ကာ သူ့အခန်းကိုပြန်ပြီး အဝတ်စိုတွေလဲ ၊ ရေမိုးချိုးကာ အိပ်ယာပေါ်လှဲနေတော့မှာဖြစ်သော်လည်း လျှပ်စီး နှင့် မိုးကြိုးများက လွန်ခဲ့သောလေးရက်ကအဖြစ်ကို သူ့အားအမှတ်ရသွားစေ၏ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now