《 ဒါပေမဲ့ ဒါက ဘာကိုသက်သေပြနေတာလဲ 》
" ငါ့ကိုလည်းပြောပြအုန်းလေ "
ကျန်းမင်မင် နောက်ဆုံးကျန်ရှိနေသော သိုးသားကင်ကို လက်စသတ်လိုက်ပြီး စားပွဲပေါ်ရှိ မစ်တီးကို တစ်ငုံယူသောက်လိုက်သည် ။
" မင်းဘာလို့ အဲ့ဒီအမှုဟောင်းကြီးကို ဒီလောက်တောင်စိတ်ဝင်စားနေရတာလဲ..."" ငါက ဒီအမှုကို တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မိရုံပါပဲ..."
ယဲ့ဟွိုင်ရွေ့ သူကြုံတွေ့ခဲ့ရသော သရဲကိစ္စကို ကျန်းမင်မင်အား ဘယ်တော့မှ ပြောပြမည်မဟုတ်ပေ ။ အထူးသဖြင့် သူကိုယ်တိုင်ကပင် ယုံဖို့ခက်နေရသည်မဟုတ်လား ။
သိုးသားကင်လိုင်ဖွန်းကို စားပြီးသည့်နောက် ဗိုက်ဝပြီဖြစ်သဖြင့် နောက်ထပ်ဝက်စတူးကို သူထပ်မထိနိုင်တော့ပေ ။
" ပြီးတော့ အမှုမှာထူးခြားတာတစ်ချို့ရှိနေတယ်..."
" အိုး..ဘယ်လို ထူးခြားတာမျိုးလဲ..."
ကျန်းမင်မင် အလွန်စိတ်ဝင်စားသွား၏ ။
" အဲ့ဒါက ရုပ်ရှင်ထဲကလိုတော့ တကယ်မဖြစ်နိုင်ပါဘူး... ယင်းကျားမင်လို တစ်စုံတစ်ယောက်က ဟန်ဆောင်သွားတာမျိုးလေ ...ဟုတ်တယ်မလား..."ယဲ့ဟွိုင်ရွေ့တစ်ယောက် ပြောင်စပ်စပ်လုပ်နေသောသူ့သူငယ်ချင်းကို ကြည့်ရင်းတွေးမိတာက အစောတုန်းက သူအမှုမထားသလိုလုပ်နေသော်လည်း ကျန်းမင်မင် ထိုရုပ်ရှင်ကို တကယ်ပဲ ကြည့်ခဲ့တာဖြစ်၏ ။
" အတုကအယောင်ဆောင်နေတာလားဆိုတာကတော့ မသေချာသေးပါဘူး..."
ယဲ့ဟွိုင်ရွေ့ နေ့လည်စာဘူးကိုဖွင့်ကာ ပေါ်တူဂီစတိုင်ကြက်ဥပိုင်မုန့်ကို ထုတ်ယူလိုက်သည် ။
ဤ Cha Chaan Tengဆိုင်မှ ကြက်ဥပိုင်မုန့်က အတော်လေးစားကောင်းကာ အနားသားများကကြွပ်ရွပြီး ရွှေရောင်သန်းနေ၏ ။ တစ်ကိုက်ကိုက်လိုက်ရုံဖြင့် ခရင်မ်နို့အရသာလေး နှင့် မီးသင်းသကြားမှ ရသောအချိုအရသာက အီဆိမ့်တာမျိုးမရှိဘဲ နူးညံ့နေလျက် ။
ယဲ့ဟွိုင်ရွေ့တစ်ယောက် သူ့စကားကိုအဆုံးမသတ်မီ ကျေနပ်မှုအပြည့်ဖြင့် မျက်လုံးလေးများ စုကျုံ့သွား၏ ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / ThrillerCP: ယင်းကျားမင် × ယဲ့ဟွိုင်ရွေ့ Author : လွီကျီကျီ ( 吕吉吉 ) Chapter : 102 + 19 extra I don't own this story. All credits to original author.