Ch 15 - Forensic Examination 05

296 47 0
                                    

《 ဘာလဲ... ကိုယ့်ကိုအဲ့လောက်တောင် လွမ်းနေတာလား 》

သူ့သူငယ်ချင်း၏မေးခွန်းကိုရင်ဆိုင်ရသောအခါ ယဲ့ဟွိုင်ရွေ့ တစ်ခဏမျှ တွန့်ဆုတ်သွား၏ ။

" ငါ့ကို ဖုံးကွယ်ထားစရာမလိုပါဘူး..."

ကျန်းမင်မင်က သူ့သူငယ်ချင်းမျက်လုံးကို သေချာစိုက်ကြည့်လျက်
" ငါက ဒီအတိုင်း ချက်ချင်းနှိုင်းယှဥ်ကြည့်လိုက်ရုံပါပဲ..."

သူက လက်ဟန်ပြလာပြီး
" အဲ့ဒါတွေက ယင်းကျားမင်ရဲ့ လက်ဖဝါးရာတွေမလား..."

ယဲ့ဟွိုင်ရွေ့ ပြောစရာစကားမဲ့သွား၏ ။

တကယ်တမ်းတော့ ထိုအချိန်တုန်းက ရဲများစုဆောင်းခဲ့သော အမှုဖိုင်တွဲများတွင် ယင်ကျားမင်၏ လက်ဗွေရာလည်း ပါရှိသည် ။ မနေ့က ယဲ့ဟွိုင်ရွေ့ ထိုလက်ဖဝါးရာများကို တောင်းခဲ့ခြင်းက အမှုဖိုင်တွဲရှိ လက်ဗွေရာနှင့် နှိုင်းယှဥ်ကြည့်ဖို့ပင် ။

သို့သော် ကျန်းမင်မင်က ဒီလောက်မြန်မြန် လုပ်ဆောင်လိုက်လိမ့်မည်ဟု သူမထင်ထားပေ ။ လက်ဖဝါးရာများကို သီးခြားခွဲပြီးထုတ်ခဲ့ရုံသာမက တစ်ဖက်တွင်လည်း နှိုင်းယှဥ်ကြည့်လိုက်သေးသည်။

" ကောင်းပြီ... မင်းခန့်မှန်းတာ မှန်ပါတယ်..."

ယဲ့ဟွိုင်ရွေ့ ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းညိတ်ဝန်ခံရတော့သည် ။
" အဲ့ဒါတွေက တကယ်ယင်းကျားမင်ရဲ့ လက်ဖဝါးရာတွေပဲ..."

ကျန်းမင်မင် မျက်ခုံးပင့်မိသွားလျက်
" မင်းဒါတွေကို ဘယ်လိုလုပ်ရလာတာလဲ..."

သတင်းစာ၏ ရက်စွဲက လွန်ခဲ့သောသုံးဆယ့်ကိုးနှစ်က ဖြစ်ပြီး လက်ဖဝါးရာအတွက်အသုံးပြုထားသော မှင်အရောင်ကလည်း အစိုဓါတ်ကြောင့် မှေးမှိန်ကာ သက်တမ်းရင့်နေပြီဆိုတာကို ပြနေ၏ ။

ထို့အပြင် တရားဝင်မှတ်တမ်းများ၌ပါရှိသော လက်ဖဝါးရာ သို့မဟုတ် လက်ဗွေရာတို့လို ဤလက်ဖဝါးရာနှစ်ခုက အရည်အသွေးမြင့်မဟုတ်သော်လည်း သေသပ်ကာ သတင်းစာပေါ်တွင် သေချာဖိနှိပ်ထားသည် ။အရင်တုန်းက လူတစ်ယောက်က ဘာလို့ ဒီလိုမျိုးလုပ်ပြီး ဘယ်သူကရော ဒီလက်ဖဝါးရာတွေကို ထိန်းသိမ်းထားသလဲဆိုတာ ကျန်းမင်မင် သိချင်နေမိ၏ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now