Ch 33 - Heredity 02

205 47 1
                                    

《 ကျွန်မမောင်လေး ဆုံးသွားပြီ ! 》

အရိုးစုအလောင်းက စီထူယင့်ရှုန်းဆိုတာ အတည်ပြုနိုင်သွားပြီဖြစ်ကြောင်း ယဲ့ဟွိုင်ရွေ့က ယင်းကျားမင်ကို တတ်နိုင်သမျှမြန်မြန် အသိပေးချင်နေ၏ ။

ကံမကောင်းစွာဖြင့် တိုင်ဖွန်းမုန်တိုင်းက လွန်ခဲ့သောရက်အနည်းငယ်အတွင်း ကမ်းလွန်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေပြီး လမ်းကြောင်းအရ ကျင်းမြို့ကို အဖျားရိုတ်ခတ်နိုင်သည်ဟု ခန့်မှန်းရသည် ။

တိုင်ဖွန်းမုန်တိုင်းမကျရောက်ခင် ရာသီဥတုက အလွန်ပူပြင်းကာ လေငြိမ်နေ၏ ။ မိုးသည်းထန်စွာရွာနိုင်မည့် အရိပ်အယောင်နည်းနည်းမျှ မရှိပေ ။ မိုးကောင်ကင်တစ်ခုလုံးက တိမ်ကင်းစင်ကာ နေကခြစ်ခြစ်တောက် ပူပြင်းနေပြီး လူတစ်ယောက်လုံး အစိမ်းလိုက် အကင်ခံနေရသည့်အတိုင်းပင် ။

မိုးလေဝသအခြေအနေက ခန့်မှန်းရခက်သောကြောင့် ယဲ့ဟွိုင်ရွေ့လည်း အရိုးစု၏အခြားသက်သေများကို စုဆောင်းရင်းသာ ရာသီဥတုကို အကဲခတ်နေရ၏ ။

သို့သော် အလောင်းက မြေအောက်ထဲတွင် နှစ်ပေါင်းများစွာ အမြှုပ်ခံထားရသဖြင့် သက်သေအများစုက သဘာဝ၏တိုက်စားမှုကြောင့် ပပျောက်ကုန်ချေပြီ။

ကျန်ရှိနေသေးသော သက်သေများကလည်း ထင်သာမြင်သာမရှိတော့ပေ ။

ထိုအစား စီထူယင့်ရှုန်းအသတ်ခံရစဥ် ဝတ်ခဲ့သော ရှပ်အင်္ကျီ နှင့် ဂျင်းဘောင်းဘီတို့ကလည်း သာမန်သာဖြစ်ပြီး လမ်းဘေးပျံကျစျေးမှဝယ်ထားသော နာမည်မရှိသည့်တံဆိပ်သာ ဖြစ်ကာ ၎င်းမှ ဘာသက်သေမှ ရနိုင်စရာမရှိ ။

ဖိနပ်များကတော့ ထိုခေတ်အခါက တန်ဖိုးရှိသော ပစ္စည်းဖြစ်ကာ စျေးအနည်းငယ်ကြီးသော်လည်း အထူးပို့ဆောင်ပေးရသည့် အကန့်အသတ်ထုတ်ပစ္စည်းတော့ မဟုတ်ပေ ။

ယဲ့ဟွိုင်ရွေ့၏ အာရုံကို ဖမ်းစားသွားနိုင်သည့် တစ်ခုတည်းသောအရာမှာ ပိုက်ဆံနှင့်အတူ ခေါက်ထည့်ထားသော မှတ်စုစာရွက်သာဖြစ်သည် ။

ထိုအချိန် သက်သေစုဆောင်းရေးဌာနက ကပ်နေသော ငွေစာရွက်များကို အပတ်တကုတ်ကြိုးစား၍ တစ်ခုချင်းစီခွာထုတ်ခဲ့ကြ၏ ။၎င်းက မှတ်စုစာရွက် သို့မဟုတ် တစ်နေရာရာက လက်ခံရရှိထားသော စာရွက်ဖြစ်လိမ့်မည်ဟု ထင်ထားကြသည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now