Ch 21 - Night Investigation 06

300 59 5
                                    


《 ဖုလုံဆိပ်ကမ်းရှိ သဲပွင့် 》

ယဲ့ဟွိုင်ရွေ့ အိမ်သို့အလောတကြီးပြန်ရောက်လာချိန်၌ အချိန်ကားည ၈ နာရီပင်ရှိချေပြီ ။

သူ မြေအောက်ခန်းထဲသို့ တစ်ခါတည်းပြေးဝင်၍ အံဆွဲကို ရှာဖွေကြည့်လိုက်သည် ။

စိတ်လှုပ်ရှားနေသောကြောင့် သူလက်များပါတုန်ယင်နေပြီး အံဆွဲ၏လက်ကိုင်ကိုတောင် သေချာမိမိရရမကိုင်ထားနိုင်ချေ ။

ယဲ့ဟွိုင်ရွေ့ အသက်ဝဝရှူကာ သူ့စိတ်ကိုယ်သူတည်ငြိမ်အောင်လုပ်နေရသည် ။

ပြီးမှ နောက်တစ်ခါ အံဆွဲကို ပြန်ဖွင့်ဖို့ လုပ်လိုက်၏။

အံဆွဲထဲ၌ အဘိဓါန်တစ်အုပ်က ကျကျနနရှိနေပြီး ၎င်းက သူအရင်က တစ်ခါမှ မမြင်ဘူးသော ၈၀'ခုနှစ်ထုတ် ပေါ်တူဂီအဘိဓါန်စာအုပ်တစ်အုပ်ဖြစ်သည် ။ အဘိဓါန်စာအုပ်၏ အပေါ်တွင်တော့ ခေါက်ထားသော နှုတ်ခမ်းနီကြော်ငြာတစ်ခုရှိ၏ ။

ဟူး !

ယဲ့ဟွိုင်ရွေ့ သူ့စိတ်ထဲလေးလံနေတာတွေ ပေါ့သွားသလိုခံစားလိုက်ရသည် ။

သူအရင်ဆုံး နှုတ်ခမ်းနီကြော်ငြာစာရွက်ကို ဖွင့်ကြည့်လိုက်သောအခါ အနောက်၌ ယင်းကျားမင်ရေးထားသော မှတ်စုကို တွေ့လိုက်ရ၏ ။

စာထဲတွင် သခင်လေးယင်းက သိုက်ကျွင့်ဖုန်အိမ်တွင် သူရှာတွေ့ခဲ့သော ပစ္စည်းနှစ်ခုအကြောင်းကို အကြမ်းဖျင်းဖော်ပြထားသည် ။ ပြာစက္ကူစ နှင့် ကျောက်စရစ်သဲပွင့်တည်း ။ ဤပစ္စည်းများကို အဘိဓါန်စာအုပ်၏ အရှေ့ နှင့် နောက်ဆုံးစာမျက်နှာ၌ ညှပ်ထားသည်ဟု ဆို၏ ။ အသေးစိတ်ကတော့ သူတို့နှစ်ယောက် လူကိုယ်တိုင်စကားပြောလို့ရသည့်အခါကျမှသာ ရှင်းပြလိမ့်မည် ။

ထိုကျမှသာ ယဲ့ဟွိုင်ရွေ့က အံဆွဲထဲမှ အဘိဓါန်စာအုပ်ကို ထုတ်လိုက်၏ ။

ယဲ့ဟွိုင်ရွေ့အတွက်တော့ သူမနေ့ကတင် ယင်းကျားမင်နှင့် စကားပြောခဲ့ရတာ ဖြစ်သည် ။

သို့သော် ဤအဘိဓါန်စာအုပ် နှင့် အထဲထဲတွင် ညှပ်ထားသော ပစ္စည်းများက သုံးဆယ့်ကိုးနှစ်တင်းတင်းပြည့်နေချေပြီ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now