Ch 6 - Villa 04

69 12 0
                                    

《ငါလူသတ်သမားမဟုတ်ဘူး 》

လဲ့လဲ့က နှစ်ဆယ်ဝန်းကျင်အရွယ်ရှိပုံရပြီး ပြေပြစ်သောမျက်ခုံးမွှေး ၊ ဖီးနစ်သဏ္ဍာန်မျက်ဝန်း ၊ ပန်းနုရောင်ပါးပြင် နှင့် သေးသွယ်သောကိုယ်လုံးကိုယ်ပေါက်ဖြင့် ကြော့ရှင်း​လှပသော အသွင်ဆောင်၏ ။

သို့သော်လည်း ယင်းကျားမင်နှင့်စကားပြောနေလျက်တောင် သူမ၏ မျက်နှာတွင် မည်သည့်အမူအရာမှရှိမနေဘဲ အေးစက်ကာ ချဥ်းကပ်ရခက်သည့် အငွေ့အသက်မျိုးကို ပေးနေသည် ။

လဲ့လဲ့က မိဘမဲ့တစ်ယောက်ပင် ။ သူမ၏ အထောက်အထားကတ်၌ နာမည်အပြည့်စုံရှိသော်လည်း သူမက တစ်ခြားသူတွေကို တစ်ခါမျှ ထုတ်ပြောဖူးခြင်းမရှိတာကြောင့် အားလုံးက သူမကို လဲ့လဲ့ ဟုသာခေါ်ကြ၏ ။

သူမ နှင့် သူမ၏မောင်လေး အားဟူက မိဘမဲ့ကလေးများရှိရာ ပေါ်တူဂီခရစ်ယာန်ဘုရားကျောင်းမှာ ကြီးပျင်းလာခဲ့တာဖြစ်သည် ။

သို့သော် ထိုခေတ်အခါက မိဘမဲ့ကလေးဘုရားကျောင်းများမှာ နေရာကောင်းတော့မဟုတ်ပေ ။

သူတို့အရွယ်ရောက်လာသည်နှင့်အမျှ လဲ့လဲ့မှာ မိဘမဲ့ကျောင်းတွင် ဆက်မနေနိုင်တော့ ။ သူမက ၂နှစ်ပိုငယ်သော မောင်ငယ်လေး အားဟူကို ခေါ်ကာ ထွက်ပြေးပြီး ဆင်းရဲသားများနေထိုင်ရာ မြို့စွန်တဲစုရပ်ကွက်များတွင် ပုန်းခိုနေထိုင်ခဲ့ရသည် ။

ပုံမှန်အားဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဆယ့်ခုနှစ်နှစ် ၊ ဆယ့်ရှစ်နှစ်အရွယ် ဆယ်ကျော်သက်နှစ်ယောက်အဖို့ ရှင်သန်နိုင်ဖွယ်ရာမရှိပေ ။ ဒုစရိုက်နွံထဲနစ်ရင်နစ် မဟုတ်လျှင် ချောင်တစ်ချောင်၌ အရိုက်ခံရပြီး သေသွားလောက်သည် ။

သို့သော် လဲ့လဲ့က သွက်လတ်ချက်ချာပြီး ဦးနှောက်ပြေးကာ သင်ယူလိုစိတ်လည်းရှိ၏ ။ သူမက သူမ၏ ဖဲချပ်များကိုင်တွယ်သည့်စကေးဖြင့် မြေအောက် ကာစီနိုဝိုင်း၏ အာရုံကို ဖမ်းစားနိုင်လိုက်ပြီး ဖဲဝေလောင်းကစားဒိုင်အဖြစ် အလုပ်ရသွားသည် ။

သူမ၏မောင် အားဟူက မျက်နှာပေါ်တွင် ' hemangioma ' ရှိနေပြီး ၎င်းက သူ့ကို ရုပ်ဆိုးကာ ကြမ်းတမ်းသည့်ပုံစံပေါက်သွားစေ၏ ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now