《 မင်းဘယ်သွားမှာလဲ 》
သူ့မှာသာ ရွေးချယ်စရာရှိလျှင် ယင်းကျားမင်အား စီထူယင့်ရှုန်း၏အလောင်းကို တူးခွင့်ပေးဖို့ တွန့်ဆုတ်နေမိအုန်းမှာပင် ။
၎င်းက အလွန်စွန့်စားရာ ကျပေ၏ ။
အလောင်းတူးနေတုန်း သူ့ကိုရဲတွေသာမိသွားလျှင် အလောင်းရော လူပါ ရှင်းပြလို့မရနိုင်သော သက်သေအထောက်အထား ဖြစ်သွားလိမ့်မည် ။ ယင်းကျားမင်က စီထူယင့်ရှုန်းကို သတ်ခဲ့တာမဟုတ်ဘူးဆိုလျှင်တောင် အလောင်းမြှုပ်နေတာနှင့် တူသွားမှာ ဖြစ်သည် ။သူ့ကို အနာဂတ်မှလူက အလောင်း၏တည်နေရာကို အသိပေးလိုက်တာဟုလည်း ရဲတွေကို ပြောလို့မရနိုင်ပေ ။
ထိုအခြေအနေက ယင်းကျားမင်မှာ ပါးစပ်ပေါက်တစ်ရာရှိလျှင်တောင် ရှင်းပြဖို့ရာမဖြစ်နိုင် ၊ သူ့နာမည်ပျက်ကို လုံးဝရှင်းလင်းလို့ရမှာမဟုတ်တော့ ။
သို့သော်လည်း စုံစမ်းတာက လမ်းဆုံးကို ရောက်နေချေပြီ ။ ယင်းကျားမင်ဘက်က အရဲစွန့်ကာ စီထူယင့်ရှူန်း၏အလောင်းကိုတူးပြီး သဲလွန်စရာရှာတွေ့နိုင်ဖို့ လောင်းကြေးထပ်ထပ်ရုံမှတစ်ပါး တစ်ခြားရွေးချယ်စရာမရှိချေ ။
စီထူယင့်ရှုန်း၏ အလောင်းက ဖုလန်ရွာအနောက်ဘက်၌ မြှုပ်ထားတာကို ယင်းကျားမင်သိသော်လည်း ထိုအနောက်ဘက်တောင်ကုန်း၏ ဧရိယာက အလွန်ကျယ်ဝန်း၏ ။ သူသာ တွေ့ကရာ လိုက်တူးနေလျှင် နောက်နှစ်ကုန်တောင် ရှာလို့တွေ့မှာ မဟုတ်ချေ ။
ယဲ့ဟွိုင်ရွေ့ကတော့ ယင်းကျားမင်ကို ဇွတ်တရွတ်လုပ်ပြီး အန္တရာယ်ထဲပြေးဝင်မည့်အဖြစ်မျိုး မဖြစ်စေချင် ။
ကံကောင်းစွာဖြင့် သူတို့စုံစမ်းစစ်ဆေးရေးမှတ်တမ်းများက အမြဲတမ်းတည်နေရာမူကြမ်းပါတတ်သည် ။
ထိုတည်နေရာမူကြမ်းထဲ၌ ကြွင်းကျန်ရစ်သောအလောင်း၏ မူလအခြေအနေကို ဖော်ပြထားရုံသာမက မြေယာပတ်ဝန်းကျင်နှင့်မည်သို့ဆက်စပ်နေသလဲ ဆိုတာကိုပါ ထည့်သွင်းဖော်ပြထားတတ်၏ ။အဓိကအကျဆုံးမှာ တောင်မြောက်နေရာမှတ်သားထားပြီး မြေယာအစစ်ကို ခန္ဓာကိုယ်၏အချိုးကြသော အတိုင်းအတာနှင့် ဆက်စပ်ထားသည် ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)