Ch 32 - Heredity 01

206 42 0
                                    

《 ဒါပေမဲ့ အခုက ခေတ်တွေ ပြောင်းသွားပြီလေ 》

သောကြာနေ့ ၊ ဩဂုတ်လ ၆ ရက် ၊ ၂၀၂၁ ။
မနက် ၉နာရီ ၄၅ မိနစ် ။

ယဲ့ဟွိုင်ရွေ့ ကျင်းမြို့တက္ကသိုလ်ထဲသို့ ကားမောင်းဝင်လာပြီး ကျန်းမာရေးသိပ္ပံဌာန ရှိရာအထိ မောင်းသွား၏ ။ ကားပါကင်ထိုးပြီးနောက် ဓါတ်လှေကားစီး၍ ဆယ့်ခြောက်လွှာသို့ တန်းသွားလိုက်သည် ။

" ဒေါက် ဒေါက် "

သူလက်မြှောက်ကာ ဗီဇအချက်အလက်ထုတ်လုပ်သည့်ရုံးခန်းတံခါးကို ခေါက်လိုက်သည် ။

မကြာမီတွင် ဝဖိုင့်ဖိုင့်ဆရာမတစ်ယောက်က သူ့အတွက် တံခါးလာဖွင့်ပေး၏ ။

ယဲ့ဟွိုင်ရွေ့က သူမကို ယဥ်ကျေးစွာပြုံးပြပြီးမှ သူလာရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။

" တစ်စိတ်လောက် ... ကျွန်တော် ထန်ရှီးနဲ့ တွေ့ချင်လို့ပါ ... "

" အိုး... ငါမင်းကို မှတ်မိတယ် ... မင်းက တရားရေးရာရဲဌာနဗျူရိုက မှုခင်းဆေးဆရာဝန်မလား ... "

ဆရာမက ယဲ့ဟွိုင်ရွေ့၏ ချောမောသော ရုပ်ရည်အပေါ် သေချာသတိထားမိ၍ တန်းမှတ်မိသွား၏ ။
" အားကျွင်းက အခုဓါတ်ခွဲခန်းနံပါတ် ၄ မှာရှိနေတယ်..."

သူမ စင်္ကြံလမ်းတစ်လျှောက်ညွှန်ပြလိုက်သည် ။

ဆရာမက " အားကျွင်း " ဟုခေါ်သောသူ၏ နာမည်အရင်းက ထန်ရှီးဖြစ်ပြီး သူ့ကြောင့်ပဲ ယဲ့ဟွိုင်ရွေ့က ကျင်းမြို့တက္ကသိုလ်ကို တကူးတကရောက်လာရခြင်းဖြစ်၏ ။

ထန်ရှီးဆိုသူက ပန်ဆလိုင်ဗေးနီးယားတက္ကသိုလ်၏ မွေးရပ်မြေအဖွဲ့အစည်း၌ ယဲ့ဟွိုင်ရွေ့ ဆုံတွေ့ခဲ့သော စီနီယာဖြစ်သည် ။ထိုသူက မှုခင်းဆေးသိပ္ပံကို လေ့လာခဲ့ခြင်းမဟုတ်ဘဲ မျိုးရိုးဗီဇဆိုင်ရာကို လေ့လာခဲ့သည် ။

ထန်ရှီးက ယခုနှစ်တွင် သုံးဆယ့်လေးနှစ်ရှိပြီဖြစ်သော်လည်း ကလေးမျက်နှာပေါက် နှင့် အရပ်ကလည်း ပုသည့်အပြင် အနီးမှုန်ကို မျက်မှန်အထူကြီးတပ်ရသဖြင့် သူ့ရှိရင်းစွဲအသက်ထပ် အများကြီးပိုငယ်နေပုံပေါက်၏ ။ သူ့ကိုမသိသည့်သူများကတော့ အခုမှသာဘွဲ့ရသည့် လူငယ်လေးလို့ ထင်ကြလိမ့်မည် ။

ချောင်းရှီခုံးရှန်ထန့် ( BTASD )Where stories live. Discover now