《 ဝမ်ယန့်ရဲ့ သေဆုံးမှုက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာလား 》
ယဲ့ဟွိုင်ရွေ့ အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာသောအခါ သူ့တစ်ကိုယ်လုံးလည်း ရွှဲရွှဲစိုနေပြီ ဖြစ်၏။
အခင်းဖြစ်ပွားရာနေရာနှင့် ပိုနီးသော ဗီလာအလယ်ပိုင်းဧရိယာတွင်နေကြသည့် ကျန်းမင်မင်နှင့် အိုးယန်ထင်းထင်းက သူ့ထပ်အရင်ရောက်နှင့်နေကြသည် ။
သို့သော် သူတို့နှစ်ယောက်လည်း ထူးမခြားနားပင် တစ်ကိုယ်လုံး စိုရွှဲနေကြ၏ ။ အိုးယန်ထင်းထင်း၏ ဆံပင်က ပိုနီတေးစည်းထားရာ ဆံဖျားတို့မှ ရေများတစ်စက်စက်ကျနေပြီး ရေညှိအတွဲလိုက်ကဲ့သို့ပင် ဖြစ်နေသည် ။
တကယ်တမ်း၌ သူတို့သုံးယောက်သာမက မုန်တိုင်းဖြစ်နေချိန် တာဝန်အရစေလွှတ်ခံရသူအကုန်လုံး ရွှဲရွှဲစိုနေကြတာပင် ။ သူတို့၏ စိုရွှဲနေသော အဝတ်အစားများက အခင်းဖြစ်ပွားရာနေရာကို ညစ်ပတ်သွားစေမှာ စိုးသဖြင့် အားလုံး စင်္ကြံလမ်း၌ စုပြုံကာ အမြန်အခြောက်ခံနေရသည် ။
မကြာမီတွင် ရဲအရာရှိဟွမ် အပေါ်ထပ်မှ ဆင်းလာပြီး သူတို့ကို အခြောက်ခံမနေဖို့ ပြောလာ၏ ။ သူတို့ တစ်ခါတည်း သဘောပေါက်သွားပြီး အပေါ်ထပ်ကို တက်ကာ ကိုယ်တိုင်ကိုယ်ကျသွားကြည့်လိုက်ကြသည် ။
ယဲ့ဟွိုင်ရွေ့ ၊ ကျန်းမင်မင် နှင့် အိုးယန်ထင်းထင်းတို့ သုံးယောက်သားက အရာရှိဟွမ် နှင့် အခြားသော ရဲအရာများ၏နောက်မှလိုက်၍ အပေါ်သို့ တက်သွား၏။
မုန်တိုင်းဖြစ်နေသည့် ညအမှောင်ယံအချိန်တွင် လမ်း၌ မည်သည့်ဖြတ်သွားဖြတ်လာမှ မရှိ ။ တိုက်ခန်းအပြင်ဘက်၌ ရဲအရာရှိများက ဝိုင်းထားသော်လည်း လာစပ်စုသည့်သူဆိုလို့ တစ်ယောက်တစ်လေတောင်မရှိပေ ။
သို့သော် အဆောက်အဦထဲ၌တော့ ဤသို့မဟုတ် ။
ထိုကဲ့သို့ အုတ်အော်သောင်းတင်းဖြစ်နေတာကို တစ်တိုက်တည်းနေသည့်သူများကတော့ သတိမထားမိစရာ အကြောင်းမရှိပေ ။
ယဲ့ဟွိုင်ရွေ့ အပေါ်သို့တက်လာချိန်တွင် အခန်းတော်တော်များ၏ တံခါးတွေကပွင့်နေတာကို သတိထားမိပြီး လူအများက အခန်းတံခါးပေါက်ဝတွင်ထွက်ရပ်ကာ ခေါင်းမော့၍ လှမ်းကြည့်နေကြသည် ။ တစ်ချို့ကဆိုလျှင် ဘာဖြစ်နေသလဲဆိုတာသိရဖို့ အပေါ်ထပ်ကိုပင် တက်ကြည့်ကြဖို့လုပ်သော်လည်း ယူနီဖောင်းဝတ်ရဲအရာရှိများထံတွင် အတားခံထားရ၏ ။
YOU ARE READING
ချောင်းရှီခုံးရှန်ထန့် ( BTASD )
Mystery / Thrillerဝရမ်းပြေး × မှုခင်းဆေးဆရာဝန် မူရင်းစာရေးသူ : လွီကျီကျီ အပိုင်း : ၁၀၂ ပိုင်း + အချပ်ပို ၁၉ပိုင်း ( မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည် ။)